ေတာက္ပေပ်ာ့ေျပာင္းတဲ့ ဆံသားက်န္းမာေရးအတြက္ လိုအပ္တဲ့ ဗီတာမင္ (၇) မ်ိဳး



Zawgyi ျဖင့္ဖတ္ရန္


ႏူးညံ့စိုေျပတဲ့ အသားအေရရဖို႔ အစားအေသာက္ဂ႐ုစိုက္ရပါတယ္။ ျပင္ပအသားအေရကိုပဲ ဂ႐ုစိုက္ေန႐ုံနဲ႔မလုံေလာက္ေသးပါဘူး။ ဆံသားလည္း ဒီလိုပါပဲ။ ဆံသားေပ်ာ့ေျပာင္းဖို႔ ေပါင္းေဆးေတြသုံးရပါတယ္။ ေပ်ာ့ေဆးေတြသုံးရပါတယ္။ ဒါေတြတင္ မလုံေလာက္ေသးပါဘူး။ ဆံသားအတြက္ လိုအပ္တဲ့ ဗီတာမင္ဓာတ္ေတြကို ျဖည့္တင္းဖို႔လည္း လိုအပ္ပါတယ္။ ပ်ိဳေမတို႔အေနနဲ႔ ေပ်ာ့ေျပာင္းတဲ့ ဆံသားပိုင္ဆိုင္ခ်င္တယ္ဆိုရင္ ဆံသားအတြက္လိုအပ္တဲ့ ဗီတာမင္ေတြကို သိထားသင့္ပါတယ္။

၁။ Biotin

Biotin ကဆံပင္အတြက္ လိုအပ္တဲ့ နံပါတ္ ၁ ဓာတ္တစ္မ်ိဳးပါ။ Biotin ကို ဥအမ်ိဳးမ်ိဳး၊ ၾကက္သား၊ ဆယ္လ္မြန္ငါး၊ ေထာပတ္သီးနဲ႔ ဗာဒံေစ့ေတြကေန ရႏိုင္ပါတယ္။ Greek Yogurt ကေနလည္း ရႏိုင္ပါတယ္။

၂။ ပ႐ိုတင္း

ပ႐ိုတင္းဓာတ္ကို ဥအမ်ိဳးမ်ိဳး၊ ဆယ္လ္မြန္ငါး၊ ပဲႏို႔နဲ႔ အေစ့အဆံေတြကေန ရႏိုင္ပါတယ္။



၃။ သံဓာတ္

အနီေရာင္အသား၊ ပဲအမ်ိဳးမ်ိဳး၊ ငါး၊ အေစ့အဆံ၊ ဟင္းႏုႏြယ္တို႔ကေန ရႏိုင္ပါတယ္။

၄။ ဗီတာမင္ စီ

င႐ုတ္ပြသီး၊ စေတာ္ဘယ္ရီ၊ ဟင္းႏုႏြယ္၊ လိေမၼာ္ႏြယ္ဝင္အသီးေတြကေန ဗီတာမင္စီ အမ်ားအျပားရႏိုင္ပါတယ္။ ဗီတာမင္စီက အသားအေရအတြက္လည္း မျဖစ္မေနလိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါ။



၅။ ဗီတာမင္ ေအ

မုန္လာဥနီေဖ်ာ္ရည္ေသာက္ျခင္းကေန ဗီတာမင္ေအ ကို အလုံအေလာက္ရႏိုင္ပါတယ္။  ကန္စြန္းဥ၊ ေ႐ႊဖ႐ုံသီး တို႔ကေနလည္း ဗီတာမင္ေအ ရႏိုင္ပါတယ္။

၆။ Antioxidants

Antioxidant ရႏိုင္တဲ့အစားအေသာက္ေတြကေတာ့ ဘယ္ရီသီးေတြ၊ အနက္ေရာင္ေခ်ာကလက္၊ သလဲသီး၊ အနီေရာင္စပ်စ္သီး၊ သံလြင္ဆီတို႔ျဖစ္ပါတယ္။



၇။ Omega 3 Fatty Acid

Omega ကို အေစ့အဆံေတြနဲ႔ ဆယ္လ္မြန္ငါးတို႔ကေန ရႏိုင္ပါတယ္။

share from: theesaychin

Unicode ဖြင့်ဖတ်ရန်


တောက်ပပျော့ပြောင်းတဲ့ ဆံသားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် (၇) မျိုး




နူးညံ့စိုပြေတဲ့ အသားအရေရဖို့ အစားအသောက်ဂရုစိုက်ရပါတယ်။ ပြင်ပအသားအရေကိုပဲ ဂရုစိုက်နေရုံနဲ့မလုံလောက်သေးပါဘူး။ ဆံသားလည်း ဒီလိုပါပဲ။ ဆံသားပျော့ပြောင်းဖို့ ပေါင်းဆေးတွေသုံးရပါတယ်။ ပျော့ဆေးတွေသုံးရပါတယ်။ ဒါတွေတင် မလုံလောက်သေးပါဘူး။ ဆံသားအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဖြည့်တင်းဖို့လည်း လိုအပ်ပါတယ်။ ပျိုမေတို့အနေနဲ့ ပျော့ပြောင်းတဲ့ ဆံသားပိုင်ဆိုင်ချင်တယ်ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို သိထားသင့်ပါတယ်။

၁။ Biotin

Biotin ကဆံပင်အတွက် လိုအပ်တဲ့ နံပါတ် ၁ ဓာတ်တစ်မျိုးပါ။ Biotin ကို ဥအမျိုးမျိုး၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီးနဲ့ ဗာဒံစေ့တွေကနေ ရနိုင်ပါတယ်။ Greek Yogurt ကနေလည်း ရနိုင်ပါတယ်။

၂။ ပရိုတင်း

ပရိုတင်းဓာတ်ကို ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ပဲနို့နဲ့ အစေ့အဆံတွေကနေ ရနိုင်ပါတယ်။



၃။ သံဓာတ်

အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ငါး၊ အစေ့အဆံ၊ ဟင်းနုနွယ်တို့ကနေ ရနိုင်ပါတယ်။

၄။ ဗီတာမင် စီ

ငရုတ်ပွသီး၊ စတော်ဘယ်ရီ၊ ဟင်းနုနွယ်၊ လိမ္မော်နွယ်ဝင်အသီးတွေကနေ ဗီတာမင်စီ အများအပြားရနိုင်ပါတယ်။ ဗီတာမင်စီက အသားအရေအတွက်လည်း မဖြစ်မနေလိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။



၅။ ဗီတာမင် အေ

မုန်လာဥနီဖျော်ရည်သောက်ခြင်းကနေ ဗီတာမင်အေ ကို အလုံအလောက်ရနိုင်ပါတယ်။  ကန်စွန်းဥ၊ ရွှေဖရုံသီး တို့ကနေလည်း ဗီတာမင်အေ ရနိုင်ပါတယ်။

၆။ Antioxidants

Antioxidant ရနိုင်တဲ့အစားအသောက်တွေကတော့ ဘယ်ရီသီးတွေ၊ အနက်ရောင်ချောကလက်၊ သလဲသီး၊ အနီရောင်စပျစ်သီး၊ သံလွင်ဆီတို့ဖြစ်ပါတယ်။



၇။ Omega 3 Fatty Acid

Omega ကို အစေ့အဆံတွေနဲ့ ဆယ်လ်မွန်ငါးတို့ကနေ ရနိုင်ပါတယ်။

share from: theesaychin


မှတ်ချက်များ