![]() |
| (Credit: ABC) |
အထူးသဖြင့် ရွှေတိဂုံလို အထင်ကရ ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေး တင်းကြပ်ထား
ကြောင်း ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကင်းလှည့်မှုတွေ ပိုမိုလုပ်ဆောင်ထားသလို၊ အဝင်အ ဝတွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေပြီး CCTV ကင်မရာကနေတဆင့် ခါတိုင်းထက် ပုံမှန် ကြည့်ရှု စစ်ဆေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
သင်္ကာမကင်းမှုတွေ တွေ့ခဲ့ရင်လည်း အကြောင်း ကြားဖို့ ညွန်ကြားထားပါတယ်။
မကြာသေးခင်တုန်းကပဲ Al-Qaeda ခေါင်းဆောင်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ လှုပ် ရှားမှုတွေ တိုးချဲ့ လုပ်ဆောင် သွားမယ်လို့ ပြောခဲ့ပါတယ်။
Al-Qaeda အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြား ချက်ကို မြန်မာ မွတ်စလင်များ အသင်းက ရှုတ်ချ ထားတဲ့ အကြောင်း ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia

မှတ်ချက်များ