မင်းသမီးနဲ့ချစ်သူဖြစ်နေတယ်ဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆန်သွားတဲ့ ထွန်းကိုကို


နာမည်သုံးလုံးပိုင်ရှင် မင်းသမီးတစ်ယောက်နဲ့ချစ်ကြိုက်နေတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ မော်ဒယ်ထွန်း ကိုကိုက “အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှမရှိပါဘူး။ မစဉ်းစားသေးပါဘူး။ မင်းသမီးနဲ့ တစ်ယောက်နဲ့ ချစ်ကြိုက်နေတဲ့ သတင်းကလည်း လုံးဝမဟုတ်ပါဘူး။ ကောလာဟလပါ။” လို့ ငြင်းဆိုသွားပါတယ်။

သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ “အခုဒီနေ့က star တို့ရဲ့ သင်္ကြန် ( ၂ ) ထဲ မှာ ကျွန်တော်ပါဝင်သီ ဆိုထားတဲ့အတွက် ဒီနေ့ပရိုမိုးရှင်းပေါ့။ အဲ့ဒီ သင်္ကြန်ခွေလေးထဲမှာ ကျွန်တော် ၂ ပုဒ်ဆိုထားတယ်။ အသစ် တစ်ပုဒ်၊ အဟောင်းတစ်ပုဒ်ပေါ့။ အသစ်က နွေမလေးနဲ့အတူက၊ တေးရေးက ကိုမင်းကိုပါ။သီချင်းဟောင်း
လေးကတော့ နှစ်သစ်ချစ်ဦးကို ပြန်ဆိုထားတာပါ။ ပြီးတော့ နယ်ဖက်မှာ သီချင်းဆိုဖို့ ချိတ်ထားတာတွေရှိ တယ်။ ကားရိုက်ပိုင်းကတော့ ၄လပိုင်းကိုပြန်ရိုက်ဖို့ရှိပါတယ်။ ရိုက်ပြီးမဖြန့်ရသေးတဲ့ ကားတွေလဲ ထွက်ဖို့ ရှိတယ်။ ထုတ်လုပ်ရေးအသစ်တွေနဲ့လဲရိုက်ဖို့ရှိတယ်။ ၄လပိုင်းမှာတော့ ဆက်တိုက် ပြန်ရိုက်ဖြစ်မှာပါ”လို့ သူက ပြောပြသွားပါတယ်။

အတာသင်္ကြန်ကာလမှာ ဘယ်မှာများ ရှိမလဲရယ်လို့ မေးမြန်းကြည့်တဲ့အခါ သူက “လောလောဆယ်တော့ အတိအကျ မသိရသေးဘူး။ မန္တလေးကတော့ ပြောထားတာတော့ ရှိတယ်။ ထိုင်ဖြစ် မထိုင်ဖြစ်က မကျိန်း
သေသေးဘူး။ အနားနီးမှ အတိအကျသိရပါမယ်”တဲ့။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ