ကျွန်တော် သီချင်းတိုင်းမှာ ကျွန်တော့်ဇာတ်လမ်းတစ်ပုဒ်စီရှိတယ်လို့ ဖွင့်ဟလာတဲ့ ရွှေထူးက True Love ဆိုတဲ့ တစ်ကိုယ်တော်ခွေ ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ သိရ


4 ဆိုတဲ့ အခွေလေးထဲက ၈ရက် ၈လ ၈ နာရီိလို့ကြားတာနဲ့ ရွှေထူးဆိုတဲ့ နာမည်ရလာတဲ့ လူငယ်တစ်
ယောက်ကို ပြေးမြင်မိကြမှာပါ။ အသည်းကွဲတဲ့ သီချင်းမှန်သမျှက သူ့ရဲ့ဇာတ်လမ်းတွေလို့ ပြောပြလာသ လို လက်ရှိမှာ True Love လို့ ယာယီပေးထားတဲ့ Offical အခွေကို လဲ ပြင်ဆင်နေတယ်လို့ သိရတာ
ကြောင့် သူ့ကို သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ “အခုလတ်တလောဆို ကျွန်တော်ရှိုးဆိုဖို့တွေ လက်ခံထားတာရှိတယ်။ ၂၂ က ရန်ကုန်မှာ၊ ၂၇ ရက်နေ့က ပြင်ဦးလွင်နဲ့ ၂၉ရက်နေ့က မန္တလေးမှာ ဖျော်ဖြေသွားမှာပါ။ နောက်ပြီး Offical ခွေအတွက် Run နေပါတယ်။ 

အဲ့ဒီအခွေလေးက လုပ်နေတာ ၂ နှစ်လောက်ရှိပြီ။ တစ်ခွေလုံးကို ကိုယ်တိုင်ရေးတာပါပဲ။ တခြားတေးရေး ဆို ဒိုးပတ်ပါမယ်။ ကိုဝေလ ပါမယ်။ ကြားထဲမှာ 4 အခွေထွက်သွားတော့ Official ထဲထည့်မဲ့ သီချင်းတွေ အဲ့ဒီထဲမှာ ထည့်လိုက်ရတယ်။ ဒါပေမဲ့ အဲ့ဒီ 4 အခွေလေးကလဲ အရမ်းအောင်မြင်တယ်။ ကျွန်တော်တို့ကို စုစည်းပေးတာ ကိုဘိုစန်းပေါ့။ ကိုဘိုစန်းတို့ကျွန်တော့်ကို ဆက်သွယ်လာတယ်။ Lil’z ရယ်၊ X box ရယ်၊ ထက်ယံရယ်၊ မင်းရယ် အခွေထုတ်ပေးမယ်။

 မင်းစိတ်ဝင်စားလားပေါ့။ ကျွန်တော်ကလဲ စိတ်ဝင်စားတယ်ဆိုတာ Underground မှာလဲ Lil’z တို့ X box တို့ဆိုတာ မိုက်နေတဲ့ ရက်ပါတွေ၊ ထက်ယံတို့ဆိုတာလဲ ရဲရင့်အောင်နဲ့ no more cry ဆိုပြီး မသိတဲ့သူ မရှိလေ။ အရမ်းမိုက်တယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေနဲ့ အခွေအရင် လုပ်လိုက်တယ်။”လို့ သူက ပြောပြပါတယ်။

ရွှေထူးလို့ ပရိသတ်သိသွားခဲ့တဲ့ ၈ ရက် ၈ လ ၈ နာရီ သီချင်းအကြောင်း မေးကြည့်လိုက်တော့ သူက “အဲ့ဒီ တုန်းက သီချင်းက ပေးရတော့မယ်။ ကိုဘိုစန်းက G Fatt နဲ့သီချင်းလုပ်ပေးပါတဲ့။ G Fatt ကို မနက် ၈ နာ ရီလောက် ကျွန်တော်ခေါ်လိုက်တယ်။ အဲ့ဒီမှာ သူနဲ့ကျွန်တော် ကျွန်တော့်အိမ်မှာ တီးလုံး တီးကြတယ်။ သီချင်းရေးကြတယ်။ ည ၉နာရီလောက်မှာ ပြီးသွားတယ်။

 နောက်တစ်နေ့ Studio မှာ သွားသွင်းလိုက်ကြတယ်။ ၂ ရက်လောက်နဲ့ပြီးသွားတာပေါ့။ ပရိသတ်ကြီး က အမှတ်မထင် အရမ်းအားပေးကြတော့ ပျော်တာပေါ့။ အဲ့ဒီ ၈ရက်၊ ၈လ ၈နာရီမှာ ငါတို့ အသည်းကွဲသွား တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ သီချင်းထဲမှာ မပါတဲ့ဟာကို ခေါင်းစဉ်တပ်လိုက်တာပါ။ ပြီးတော့ အခု 4 က အမ်တီဗီရိုက်နေပါပြီ။ ကျွန်တော်က တစ်ပုဒ်ပြီးသွားပြီ။ ထက်ယံလဲ တစ်ပုဒ်ပြီးသွားပြီ။ X box က ရိုက်နေ ပြီ။ Lil’ z ဆို ၂ပုဒ်ပြီးသွားပါပြီ။ ဒါရိုက်တာက ထက်ဦးသန့်၊ သော်ဇင်တို့နဲ့တော့ ရိုက်ပြီးသွားပြီ။ ဒါရိုက် တာတွေက လူငယ်တွေပဲ။

 ကျွန်တော်တို့ Underground ကကြိုးစားနေတဲ့ ဒါရိုက်တာလေးတွေပါ။ ကိုဘိုစန်းကလဲ အမြန်ဆုံးထွက် ချင်တာဆိုတော့ ကြိုးစားနေပါတယ်”တဲ့။ သူ့ရဲ့ တစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီး ၆လပိုင်း၊ ဒါမှမဟုတ် ၇လပိုင်းလောက်မှာ ထွက်ဖို့ မှန်းထားပြီး သီချင်းအရေအတွက် ၁၂ပုဒ်လောက် ထည့်ဖို့ စဉ်းစားထားတယ် လို့ သိရတာပါတယ်။ အခွေအကြောင်း သူပြောပြသွားတာက “သီချင်းက ၁၂ ပုဒ် ၁၃ ပုဒ်လောက်တော့ ထည့်မယ်။ အမျိုးအစားက စုံတယ်။ hip hop ၊ Electro၊ Rock အစုံပဲပေါ့။ 

သီချင်းကလဲ အသစ်တွေများတယ်။ အဟောင်းဆိုလို့ ကျွန်တော် Underground မှာ လုပ်ခဲ့တဲ့၂ပုဒ်လောက် ပဲပြန်ပါမယ် ။ title က True love လို့တော့ ပေးထားသေးတယ်။ ယာယီပေါ့။ Featuring က ကျွန်တော့် အဖွဲ့ထဲက ဒိုးပတ်၊ တင်မီ၊ ကိုဝေလ၊ RN ၊ မနီနီခင်ဇော်ကို ပြောတော့ ပြောကြည့်ရဦးမယ်။ အခုတော့ ဒီလောက်ပဲရှိသေးတယ်”လို့ သူက ဆိုပါတယ်။

ဒီအနုပညာဖန်တီးမှုတွေကို ၂၀၀၇ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တဲ့ရွှေထူးဟာသူဆိုသမျှသီချင်းတွေ ကို သူကိုယ်တိုင်တီးဖြစ်သလို သူငယ်ချင်း တင်မီကလည်း တီးပေးတယ်လို့ ဖွင့်ဟပါတယ်။ ဒါ့အပြင် သူပြောသွားတာက “သီချင်းရေးတဲ့အခါ လေ့လာမှုက အဓိက အသည်းကွဲတာပေါ့။ ဇာတ်လမ်းတွေပေါ့။ ကျွန်တော့်သီချင်းတိုင်းမှာ ကျွန်တော့် ဇာတ်လမ်း တစ်ပုဒ်စီရှိတယ်။

 ကျွန်တော့်ခံစားချက်က အသည်းကွဲ ခံစားချက်တွေကြီးပဲပေါ့။ အခုလက်ရှိမှာတော့ အဲ့လို ခံစားချက်မရှိဘူး။ အဆင်ပြေနေလို့လား မသိဘူး။ ကြည်ကြည်နူးနူး ခံစားချက်လေးတွေ များပါတယ်။ အခုခေတ်မှာ အချစ်ဆို တာထက် ကျွန်တော့်အမြင်ဆို သံယောဇဉ်နဲ့နားလည်မှု အဲ့ဒီကနေတစ်ဆင့် အချစ်ဖြစ်တယ်လို့ထင်ပါ တယ်”လို့ သူက ပြောပြသွားပါတယ်။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ