အချစ်တစ်ခုတည်းနဲ့ မပန်ဘ၀ကို ပုံဖော်ပေးသွားတဲ့ ကိုဥက္ကာကျော်ကို တသက်လုံး သစ္စာရှိသွားပါမယ်ဆိုတဲ့ ဆုပန်ထွာ


မင်းသမီး စလုပ်ကာစကတည်းက အချစ်ရေးနဲ့ပတ်သတ်ရင် လှုပ်ခတ်မှုသိပ်မရှိခဲ့တဲ့ မင်းသမီး၊ အသံမ ထွက်ခဲ့တဲ့ မင်းသမီး ၊ ယောကျာ်းလေးတွေကို စိတ်ဝင်စားခြင်းနည်းသလို မိန်းကလေးတွေကို သာ စိတ်ဝင်စားတတ်တဲ့ ဆုပန်ထွာ က အင်တာဗျူးဖြေတိုင်းမှာလဲ အပျိုကြီး လုပ်မှာ အပျိုကြီးလုပ်မှာလို့ ဖြေခဲ့ပေမဲ့ ခုတော့ ချစ်သူသက်တမ်း ၂ နှစ်ကျော်မှာတော့ ချစ်ရသူနဲ့ လက်ထပ်ယူကာ ဘ၀တိုက်ပွဲကို ရင်ဆိုင်သွားတော့မှာပါ။

 ဒါ့ကြောင့် သာယာပျော်ရွှင်အေးချမ်းစရာကောင်းတဲ့ အိမ်ထောင်ရှင်မဘ၀ကို ပိုင်ဆိုင်ရရှိနေပြီး ဒါဟာ တကယ်ကို ကျေနပ်ဖွယ်ကောင်းတယ်လို့ပြောပြလာတဲ့ သူမရဲ့ မင်္ဂလာမဆောင်ခင် အတွေ့အကြုံတွေနဲ့ အတူ အိမ်ထောင်ရှင်မဘ၀ အမှတ်တရတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာကတော့ “မပန် နောက်ဆုံးသွား တဲ့ ခရီးစဉ်ကတော့ အမေရိကားမှာ ကိုဥက္ကာနဲ့ တရားဝင် သွားလက်ထပ်ကြတာပေါ့။ ဒါက မပန်ဘ၀မှာ ထူးထူးခြားခြား နောက်ဆုံးသွားခဲ့တဲ့ ခရီးပေါ့။ အားလုံးကို အမေရိကားကနေပဲ ဒီကိုလှမ်းပြီ ဖိတ်စာတွေ လိုက်ပို့ခိုင်းရတယ်။ တချို့ဆို ဖိတ်စာမရောက်ဘူး။ ပုံတွေတက်လာမှ မဖိတ်လို့ဆိုပြီး စိတ်တွေဆိုးကြ တယ်။ မပန်ဖိတ်မယ့် စာရင်းကဒီမှာကျန်ခဲ့တယ်။

 အဲ့ဒါကြောင့်ဟိုကနေပဲ လူတွေပြန်စဉ်းစားပြီး စာရင်းပြန်လုပ်ရတယ်။ အဲ့ဒီလို အခက်အခဲတွေပေါ့။ ပွဲကလဲ နေ့ခင်းပွဲဖြစ်နေတော့ ရှုတင်တွေ မအားကြဘူး။ မလာကြဘူး။ တချို့ဆို ဖိတ်စာ မရဘူးနော်။ လာသာလာ ရတာ မပန်ရယ်တဲ့။ ဒါပေမဲ့ ဖိတ်စာ ဖိတ်ပေးတဲ့သူတွေကို အပြစ်ပြောတာ မဟုတ်ပါဘူး။ သူတို့လဲ အခက် အခဲ ရှိမှာပဲလေ။ အရမ်းရင်းနှီးတဲ့သူတွေဆို Vape City မှာ လာယူပေးပါနော် ဆိုပြီးပြောရတယ်။ အားလဲ အားနာတယ်။ မပန်အစကစီစဉ်ထားတာက ၃ ရက်နေ့ပြန်လာတယ်။ လက်မှတ်ထိုးမယ်။ ဆွမ်းကျွေးမယ်။ ပြီးမှမင်္ဂလာပွဲလုပ်မယ်ပေါ့။

 ဒါပေမဲ့ ခု ဗြောင်းပြန်တွေဖြစ်သွားတယ်။ မပန် ၁၄ ရက်နေ့ပြန်ရောက်တယ်။ ၁၅ ရက်နေ့ ရွှေနန်းတော်က ဆွဲကြိုးလေးတွေကြည့်ပြီး ကိုမျိုးမင်းစိုးနဲ့ ဓာတ်ပုံထဲကနေ ၀တ်စုံကိုကြည့်တယ်။ အမလေး လှလိုက်တာပေါ့။ မပန် မရှိပေမဲ့ ကိုမျိုးမင်းစိုး လုပ်ပေးထားတာ အရမ်းလှတယ်။ မိတ်ကပ်ညီညီမောင်ဆို အစ်မ မလာသေးဘူး လားဆိုပြီး ဒူးတွေတောင် တုန်တယ်။ အဲ့ဒီလိုပေါ့ အခက်အခဲတွေအများကြီးကြားထဲက မဖြစ်ဖြစ်အောင် လုပ်ခဲ့ရတဲ့ ပွဲလေးပါ။”လို့ သူမက ရှင်းပြသွားပါတယ်။

နောက်ထပ်ကျင်းပမယ့် မင်္ဂလာဆွမ်းကျွေးပွဲနဲ့ ပတ်သက်ပြီးတော့လည်း “ခု သင်္ကြန် မတိုင်ခင် ဆွမ်းကျွေး နဲ့လက်မှတ်ထိုးပွဲရှိသေးတယ်။ အဲ့ဒီခါကျတော့ မပန် လူစုံတက်စုံ လိုက်ဖိတ်ပြီး စည်စည်ကားကားနဲ့ကျင်းပ ဦးမှာပါ။ ခုအိမ်ထောင်ကျသွားပေမဲ့လဲ မပန် အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်ကိုင်ဦးမှာပါ။ အမေရိ ကားမှာ မပန် အမ်တီဗီတွက် ၃ပုဒ် ရိုက်လာတယ်။ ကားတွေလဲဆက်ရိုက်မယ်။ သီချင်းတွေလဲဆက်ဆိုမယ်။ သင်္ကြန်တွက် ပြောထားတာ ၃ နေရာတော့ရှိတယ်။ ဒါပေမဲ့ မရွေးရသေးဘူး။ အတိအကျမဖြစ်သေးဘူး”တဲ့။

သူမရဲ့ အမျိုးသားပေါ်ထားရှိတဲ့ သူမရဲ့ မေတ္တာတရား အကြောင်းကိုလည်း သူမက “ခုမပန် ဒီအိမ်ထောင်
လေးကို တည်ဆောက်ခဲ့တယ်။ သူမပန်ကို စတွေ့စကြိုက်ကတည်းက သူကြီးပဲ အစစအရာရာ ဦးဆောင် သွားတယ်။ မပန်ချစ်တာ သူ့ခြေဖျားကို မမှီဘူး။ သူကြိုးစားတယ်။ သူလုပ်ပေးတယ်။ မလုပ်ပေးလဲ ရတာပဲ။ မပန် ဆို မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဘာအိပ်မက်မှ မရှိဘူး။ 

ဒါပေမဲ့ ဒါတွေအကုန်လုံးကို ကိုဥက္ကာသည် လုပ်ပေးသွားတယ်။ အမေရိကားမှာသွားတယ်။ ဟိုမှာဆောင် တယ်။ ပိုက်ဆံကုန်တယ် ။ ဒီမှာပဲဆောင်လဲ ရသားပဲ။ မပန်ဘ၀မှာ မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာ တယ်။ ဟာဝိုင်ရီကို ဟန်းနီးမွန်း သူစီစဉ်ပေး ထားတယ်။ ဟိုရောက်တော့ အရမ်းပျော်တယ်။ မပန် တကယ် ကို စိတ်ထဲက ပြောတာပါ။ မပန်စိတ်ထဲမှာ ကိုဥက္ကာကို ကျေးဇူးတင်တယ်။ အရာရာအားလုံးသည် သူ့အ ချစ်တစ်ခုထဲနဲ့ မပန်ဘ၀ကို သူဖန်တီးပေးသွားတယ်။ မပန်လဲ သူ့အပေါ် တစ်သက်လုံး သစ္စာရှိပြီး အကောင်းဆုံး တာဝန်ကျေအောင် ကြိုးစားသွားပါမယ်”လို့ပြောပြသွားပါတယ်။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ