အလုပ်ချိန်အတွင်း ညစ်ညမ်းရုပ်ရှင်များ ကြည့်နေခဲ့တယ်လို့ တရားသူကြီး ၄ ဦး စွပ်စွဲခံထားရ
တရားသူကြီး ၄ ယောက်ဟာ သူတို့ရဲ့ အလုပ်ချိန်အတွင်း လက်တော့ပ်များကတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ကြည့်နေခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒါကို ဗြိတိန်နိုင်ငံ ပါလီမန် အဖွဲ့ဝင်တွေနဲ့ တရားရေး ကျွမ်းကျင်သူတွေက ထိုတရားသူကြီး ၄ ယောက်ဟာ အမှုစစ်ဆေးနေစဉ်မှာ ညစ်ညမ်းရုပ်ရှင်တွေ ဘာကြောင့်ကြည့်နေရသလဲဆိုတာကို သိချင်နေကြပါတယ်။
ထိုတရားသူကြီး ၄ ယောက်ထဲက ၂ ယောက်ဟာ ညစ်ညမ်းရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ အမှုတွေနဲ့ လိင် ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို ကိုင်တွယ် ဖြေရှင်းနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် အလုပ်ချိန်အတွင်း မှာ ညစ်ညမ်းရုပ်ရှင်တွေကို ကြည့်နေခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
အကြီးတန်း တရားသူကြီးတွေနဲ့ တရားရေးဆိုင်ရာ ကြီးကြပ်ရေးဘုတ်အဖွဲ့တို့ကတော့ ထို ဖြစ်ရပ်ရဲ့ ဖြစ် စဉ် အသေးစိတ် ကို ရှင်းပြဖို့ ငြင်းဆိုခဲ့ပါတယ်။ ထိုတရားသူကြီး ၄ ယောက်ရဲ့ လုပ်ရပ်ဟာ သူတို့ရဲ့ တရားရေးမဏ္ဍိုင်ကို ထိခိုက်စေနိုင်တဲ့အတွက် တရားဝင် ထုတ်ဖော်ပြောဆိုရန် ငြင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လန်ဒန်မြို့ရဲ့ လူဝင်မှုကြီးကြပ်ရေး တရားသူကြီး Warren Grant ၊ Romford တရားရုံးက ခရိုင်တရား သူကြီး Timothy Bowles နဲ့ အရှေ့မြောက်ပိုင်း တရားရုံးတွေရဲ့ မှတ်တမ်းတင် တရားသူကြီး Peter Bullock တို့ကတော့ အလုပ်ချိန်အတွင်း ညစ်ညမ်းရုပ်ရှင် ကြည့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိနေပြီး Lincoln ခရိုင်တရားရုံးမှာ အလုပ်လုပ်တဲ့ မှတ်တမ်းတင် တရားသူကြီး Andrew Maw ကတော့ ဒီပြသနာမဖြစ်ခင်ကတည်းက ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ