မာလာလာကို လုပ်ကြံသူများအား ဖမ်းမိကြောင်း ပါကစ္စတန် စစ်တပ်ထုတ်ပြန်
မာလာလာယူဆွတ်ဖ်ဇာအိကို လုပ်ကြံခဲ့သည်ဟု သံသယရှိသူများအား ဖမ်းဆီးထားကြောင်း ပါကစ္စတန် စစ်တပ်က ဆိုသည်။
မာလာလာသည် အမျိုးသမီးများ ပညာရေး အတွက် လှုပ်ရှားမှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တာ လီဘန် သေနတ်သမားများ၏ တိုက်ခိုက်မှုနှင့် ကြုံ ခဲ့ရပြီး ခေါင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။
ထိုစဉ်က တိုက်ခိုက်မှုကြောင့် အသက်မသေခဲ့သော်လည်း ယင်းဖြစ်ရပ်က ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ်
စေသော သတင်းဖြစ်ခဲ့ပြီး မာလာလာသည်လည်း နိုင်ငံတကာတွင် တဟုန်ထိုး ထင်ရှားလာခဲ့သည်။
မာလာလာသည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦး အဖြစ် တိုင်းမ်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရပြီး နိုဗယ်လ်ငြိမ်းချမ်းရေးဆုအတွက်လည်း အဆိုပြုခံခဲ့ရသည်။ ထို့ပြင် သူမသည် I'm Malala အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေထားသူဖြစ်သည်။
မာလာလာအား တိုက်ခိုက်စဉ်က ပါဝင်ခဲ့သည်ဟု ယူဆရသည့် စစ်သွေးကြွ ၁၀ ဦးကို ပါကစ္စတန် စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးအဖွဲ့များ ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းတစ် ရပ်တွင်ဖော်ပြထားသည်။
တာလီဘန်များ၏ တိုက်ခိုက်မှုခံရစဉ်က မာလာလာသည် ၁၅ နှစ်အရွယ်သာ ရှိသေးကြောင်း သိရသည်။
BBC
.jpg)
မှတ်ချက်များ