မြို့ပတ်ရထားခရီးစဉ်များ ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မြို့ပတ်ရထားတစ်စီး(ဓာတ်ပုံ - ကျော်ဇင်သန်း)
ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်ကို ကွန်ပျူတာစနစ်ဖြင့် လက်မှတ်ရောင်းချမှုကို သင်္ကြန်မတိုင်မီစတင်မည်ဟု သတင်းရရှိသည်။

ခရီးသွားများလက်မှတ်ဝယ် ယူရာတွင် ပိုမိုအဆင်ပြေစေရန်ဟု ဆိုကာ မြန်မာ့မီးရထားနှင့် ပုဂ္ဂလိကနည်းပ ညာကုမ္ပဏီတစ်ခု ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး မှာယူထားသည့် စက်ပစ္စည်းများရောက်ရှိ လာပါက အမြန်ဆုံးလုပ်ငန်းစတင်မည်ဟု မြန်မာ့မီးရထား အောက်မြန်မာပြည်အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

‘‘ပစ္စည်းတွေမှာထားပြီးပြီ။ခန့်မှန်းခြေအားဖြင့် သင်္ကြန်မတိုင် မီစနိုင်အောင် ကြိုးစားနေပါတယ်။ ဒါက ခရီး သွားတွေအတွက် ပထမဆုံးနည်းပညာမြင့် လက်မှတ်ရောင်းချမှုအနေနဲ့ ရှေ့ပြေး ဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်’’ဟု မတ်လ ၁၇ ရက်တွင် ပြုလုပ်သည့် ကွန်ပျူတာစနစ်ဖြင့် ရထားလက်မှတ်ရောင်းချမည့် အစီအစဉ်မိတ်ဆက်ရှင်းလင်းပွဲ ၎င်းကပြောသည်။

အဆိုပါကွန်ပျူတာနည်း ပညာသုံးလက်မှတ်ရောင်းချမှု လုပ်ငန်းကို ပြည်တွင်းကုမ္ပဏီတစ် ခုဖြစ်သည့် In Ternet Wallet Limited က လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းစနစ်မှာ ဘူတာ များရှိ လက်မှတ်အ
ရောင်းကောင် တာများတွင် ဆော့ဖ်ဝဲထည့်သွင်း ထားသည့် Tablet မှန်သားပြင်၌ ခရီးသည်က သွားရောက် လို သော ခရီးစဉ်ရွေးချယ်နိုင်၍ ငွေပေးချေပြီး လက်မှတ်ထုတ်ယူသည့်စနစ် ဖြစ်သည်။ ကုမ္ပဏီက ခန့်အပ် ထားသည့် ၀န်ထမ်းများက ကျသင့်ငွေအား စောင့်ယူသိမ်းဆည်းမည်ဖြစ်ပြီး နည်းပညာမသုံးတတ်သူများ အား ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေပေးမည်ဟု အဆိုပါကုမ္ပဏီ မှအထွေထွေမန်နေဂျာဒေါ်နီနီခင်က ပြောသည်။


ထို့အပြင် ခရီးသည်ကမိုဘိုင်းဖုန်းဖြင့်ရထားလက်မှတ်ဖြတ်ဝယ်ယူစီးနင်းနိုင်ရန်နည်းပညာဖြည့်ဆည်းဆောင် ရွက်သွားမည်ဟု ဆိုသည်။

ယင်းနည်းပညာမှာ အာရှဒေသအတွင်း ဂျပန်၊ အိန္ဒိယတို့အပြင် ဥရောပနိုင်ငံတို့တွင် အသုံးပြုနေ ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ပြောင်းလဲမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နည်းပညာသုံးလက် မှတ်ရောင်းချမှု ကျင့်သုံးသွား မည်ဆိုသော်လည်း လက်ရှိရောင်းချနေမှုပုံစံကို ရပ်ဆိုင်းမည်မဟုတ်ကြောင်း ဦးထွန်းအောင်သင်းက ပြောသည်။

ထို့အပြင် လက်မှတ်ဈေးနှုန်းများကိုလည်း ပြောင်းလဲကောက် ခံမည်မဟုတ်ဟု ဆိုသည်။ ယင်းစနစ်ကျင့် သုံးခြင်းကြောင့် လုပ်ပိုင်ခွင့်ရရှိခဲ့သော ကုမ္ပဏီအနေဖြင့် ငွေကြေးအကျိုးမြတ်ရရန် အခွင့်အလမ်းနည်း ပါးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကုမ္ပဏီပိုင်းကလည်း ယင်း လုပ်ငန်းစဉ်အတွက် အကျိုးအမြတ် မည်သို့ရယူမည်ဆိုသည်နှင့် ရင်းနှီးမြှုပ်နှံမှု မည်မျှပြုလုပ်မည် ဆိုသည်ကို ထုတ်ဖော်ပြောကြားရန်ကုမ္ပဏီက ငြင်းဆိုခဲ့သည်။

ယင်းစနစ်ကို ရန်ကုန်မြို့ ပတ်လမ်းပိုင်းနှင့် ဆင်ခြေဖုံးလမ်း ပိုင်းရှိ ရန်ကုန်၊ ဘုရားလမ်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ သမိုင်း၊ အင်းစိန်၊ တညင်းကုန်း၊ လှော် ကား၊ မင်္ဂလာဒုံ၊ တံတားကလေး၊ ပုရွတ်ဆိတ်ကုန်း၊ တိုးကြောင်က လေး၊ သင်္ဃန်းကျွန်း၊ မလွှကုန်း၊ ပုဇွန်တောင်စသည့် ဘူတာ ၁၅ ခု၌ စတင်အကောင်အ ထည်ဖော် မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဘူတာအားလုံး၌ အသုံးပြုနိုင်အောင် ပြုလုပ်မည်ဟု သိရသည်။

‘‘ရထားက အဆင့်မြင့်မလာ သေးဘဲ လက်မှတ်ရောင်းတာကို အဆင့်မြှင့်နေရုံနဲ့ ခရီးသည်တွေ အဆင် မပြေဘူး ပြောလို့မရပါ ဘူး။ ရထားတွေအချိန်မှန်မယ်၊အဆင့်မြင့်ရထားတွေ ပြေးဆွဲပေး နိုင်မယ်ဆိုမှသာ ခရီးသည်တွေ ထောက်ခံအားပေးမှုပိုရနိုင်ပါ လိမ့်မယ်’’ဟု တံတားလေးဘူတာမှ နေ့စဉ်ရထားစီးသူခရီး သည် ဦး ကျော်လှက ပြောသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်း တွင်ရထားစီးရေ ၂၀ ကျော်ဖြင့် နေ့စဉ်ခေါက်ရေ ၂၀၀ ကျော်ပြေးဆွဲနေပြီး ခရီးသည် ခုနစ်သောင်းကျော်စီးနင်းနေသည်။

မိုးမင်း - 7day

မှတ်ချက်များ