မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်ရေး နှစ်စဉ်လိုငွေ ပြနေ မှုဟာ ဗဟို ဘဏ်ရဲ့ နိုင်ငံခြား အရန် ငွေကြေး ကို လျော့နည်း စေတာ ကြောင့် မြန်မာ ကျပ်ငွေ တန် ဖိုး ကျဆင်း စေနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ကျွမ်း ကျင်သူ ဒေါက်တာ အောင်ကိုကို က ပြောပါ တယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ပမာဏဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလ အထိ အမေရိကန်ဒေါ်လာ ၇၀၈၀ သန်းရရှိထားတဲ့ အနက် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃၁၆၁ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ကန်ဒေါ်လာ ၃၉၁၉ သန်းရှိလို့ ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၇၅၈ သန်းရှိ တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရတာပါ။
ကုန်သွယ်မှုမှာ လိုငွေတွေရှိနေတာဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေကြေးကို ထိခိုက်စေလို့ မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ဆက်စပ်နိုင်တယ်လို့ ယူဆနိုင်တဲ့အကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင် သူဒေါက်တာအောင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။
ဒါကြောင့် မြန်မာကျပ်ငွေတန်ဖိုးက တကယ်လို့ အခုလို အကျဘက်မှာပဲ ဆက်လက်ရပ်တည်ခဲ့မယ်ဆိုရင် စားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်မှုကို ခံစားရမှာဖြစ်ကြောင်း သူက ပြောပါတယ်။
အစိုးရကခွင့်ပြုထားတဲ့ နိုင်ငံခြားငွေလဲတဲ့ကောင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက စက်တင် ဘာလ ၁ ရက်နေ့မှာ ၀ယ်ဈေး ၉၇၀ ကျပ်နဲ့ ရောင်းဈေး ၉၇၄ ကျပ်သာ ရှိခဲ့ပေမယ့် စက်တင်ဘာ ၂၃ ရက် ကတော့ ၀ယ်ဈေး ၉၉၀ ကျပ်နဲ့ ရောင်းဈေး ၉၉၆ ကျပ်ရှိပါတယ်။
သိုက်ဇင် | DVB

မှတ်ချက်များ