အမေရိကန်တွင် ထောင်ဖောက်ထွက်ပြေးသူ ၄ ဦးထဲက ၃ ဦး ပြန်ဖမ်းမိ

ကျောင်းသား ၃ ယောက်ကို သတ်ခဲ့မှုနှင့် ထောင်တသက်တကျွန်း ကျခံနေရသည့် တီဂျေ လိန်း
အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည် နယ်ထောင်တခုကနေ စက်တင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေး ခဲ့ကြတဲ့ ထောင်ပြေး ၄ ယောက်ထဲက ၃ ယောက်ကို စက်တင် ဘာလ ၁၂ ရက်နေ့မှာပဲ ပြန်ဖမ်းမိခဲ့ပြီး တ
ယောက်တော့ လွတ်မြောက်နေဆဲဖြစ်ပါ တယ်။

ထွက်ပြေးပြီး ပြန်ဖမ်းမိသူတွေထဲမှာ ၂၀၁၂ ခုနှစ် ကျောင်းသား ၃ ယောက်ကို သတ်ခဲ့မှု နဲ့ ထောင်တသက် တကျွန်း ၃ ဆက်ခံနေရတဲ့ တီဂျေ လိန်း လည်း ပါတယ်။

အသက် ၁၉ နှစ်ရှိ လိန်း ဟာ သူလူသတ်မှု ကျူးလွန်ချိန်က အသက် ၁၇ အရွယ်သာရှိသေးပြီး စိတ်မမှန်သူ အဖြစ်လည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ်လည်း သူ့ကို သာမန်လူ တယောက်လိုပဲ အပြစ်ဒဏ်ချ ခဲ့တာဖြစ်ပါတယ်။

သူတို့ ထောင်ကနေ ဘယ်လိုထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်ဆိုတော့ ရဲတွေကမပြောပေမယ့် ထောင် အပြင်ခဏထုတ်ချိန်မှာ ထောင်စည်းရိုးကို ကျော်ပြီးထွက်ပြေးခဲ့ကြတာလို့ ဒေသခံသတင်းတွေက ဆိုပါ တယ်။

လိန်းကို ပြန်ဖမ်းမိချိန်မှတော့ ဥယျာဉ်ခြံသုံး ခရင်းဂွတခုနဲ့ ဖြစ်ပြီး ထောင်နားမှာပဲ ပြန်အဖမ်းခံခဲ့ရတာပါ။ လိန်းဟာ လူသတ်မှုအတွက် သေဒဏ်ချခံရမှာဖြစ်ပေမယ့် ပြစ်မှုကျူးလွန်ချိန်က အသက် ၁၇ နှစ်အရွယ်ပဲ ရှိခဲ့တာကြောင့် ထောင်ဒဏ်တသက်တကျွန်း ၃ ဆက်ကျခံရတာပါ။

ကျောင်းသား ၃ ယောက်ကို ဒဏ်ရာရစေခဲ့မှုတွေအတွက်လည်း ထောင်ဒဏ် ၃၇ နှစ်တဆက်ထဲ ကျခံနေရ တာလည်းဖြစ်ပါတယ်။

DVB

မှတ်ချက်များ