သရဖူကိစ္စ ကိုရီးယား-မြန်မာဆက်ဆံရေး ထိခိုက်လာနိုင်သတဲ့လား


အလှမယ် မေမြတ်နိုးနဲ့ Miss Asia Pacific World Organization တို့ကြား ပြဿနာအသေးအဖွဲလေးကို နှစ်ဖက်စလုံးက အပြိုင်အဆိုင်လုပ်နေကြရင် မြန်မာနဲ့ကိုးရီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ထိခိုက်လာနိုင်တယ်လို့ Munhwa Broadcasting Corporation – MBC က စက်တင်ဘာ ၁၁ရက်နေ့က ပြောဆိုလိုက်ပါတယ်။ နှစ်ဖက်စလုံး ပြဿနာတွေ ဒီနေရာမှာပဲ ရပ်လိုက်စေချင်တယ်လို့ ဘာ့ကြောင့်ပြောတာလဲ။

သတင်းသမားတစ်ယောက်အနေနဲပ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ပြောပိုင်ခွင့်မရှိပေမယ့်
နှစ်ဖက်အသံတွေ၊ အယူအဆတွေပါအောင်ယူပြီး ဒီပြဿနာရဲ့ အမှန်တရားကို ဖော်ထုတ်ချင်လို့ ကိုရီး ယားနိုင်ငံကနေ မြန်မာပြည်အထိ တကူးတက သတင်းလာယူတာဖြစ်တယ်လို့ MBC ရဲ့ ထုတ်လုပ်သူက ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

Miss Asia Pacific World အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ တစ်ကြိမ်ကလည်း အင်္ဂလန်အလှမယ်နဲ့ ဒီလိုပြဿနာတွေ
ဖြစ် ခဲ့တာကြောင့် သူတို့အဖွဲ့မှာလည်း စနစ်အရ ပြင်ဆင်မှုတွေ အများကြီးလိုမယ်လို့ သူယူဆတဲ့အကြောင်း၊ ကိုရီးယားလူမျိုးတစ်ယောက်အနေနဲ့ ဒီလိုပြဿနာဖြစ်ရတာကို စိတ်မကောင်းဖြစ်ပြီး အထင်လွဲနေတာတွေ ကို နားလည်မှုယူနိုင်မယ်လို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

အလှမယ် မေမြတ်နိုးနဲ့ MBC တို့ စက်တင်ဘာ ၁၁ရက်နေ့ညနေက ရန်ကုန်မြို့ House of Memories မှာ ၄နာရီကြာ ရုပ်သံအင်တာဗျူးလုပ်ခဲ့ပြီး သရဖူပြန်သိမ်းတဲ့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေကို အသေးစိတ်
မေးမြန်းခဲ့ပါတယ်။

Miss Asia Pacific World အဖွဲ့နဲ့ပတ်သက်ပြီး သူ့အနေနဲ့ အခက်အခဲတွေအများကြီးကို ရင်ဆိုင်ဖြတ်ကျော်
နေရသလို စိတ်ဆင်းရဲမှုများစွာ ရနေတာကြောင့် အမြန်ဆုံး အပြီးသတ်ပြီး အေးအေးချမ်းချမ်းပဲ အနုပညာ အလုပ်တွေကို ဆက်လုပ်သွားချင်တယ်လို့ မေမြတ်နိုးက ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ ကျောင်းပ ညာရေးကိုလည်း ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

ဒီပြဿနာဟာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ မဆိုင်ဘဲ မြန်မာပြည်ကNational Director ဒေါ်လှနု ထွန်းနဲ့ Miss Asia Pacific World Organization တို့နဲ့ပဲ ဖြစ်တဲ့ပြဿနာဖြစ်ပြီး သူ့ရဲ့ဂုဏ်သိက္ခာနဲ့ပဲ ဆိုင် တာကြောင့် ပြန်တောင်းပန်မယ်ဆိုရင် သရဖူကို ပြန်ပေးမယ်လို့ ပြောပါတယ်။

မေမြတ်နိုးနဲ့ အင်တာဗျူးလုပ်တဲ့ MBC ရုပ်သံဟာ တောင်ကိုရီးယားရဲ့ သက်တမ်းအရင့်ဆုံး ကုမ္ပဏီဖြစ်ပါ တယ်။



kamayutmed


မှတ်ချက်များ