မန္တလေး တိုင်းပုသိမ်ကြီးမြို့နယ် လက်ကောင်း ကျေးရွာအုပ်စုပိုင် သုသာန်မြေနေရာကို ကျေးရွာလူထု မသိပဲ၊ တာဝန်ရှိသူတစ်ဦးက ယခုနှစ် ဧပြီလအတွင်းက ရောင်းချသွားခဲ့သည့်အတွက် နာရေးအတွက် ခက်ခဲနေ တယ်လို့ သိရပါတယ်။ ဤနေရာကို ၀ယ်ယူသူက သံဇကာများဖြင့် ခြံစည်းရိုးပါ ကာရံထားတဲ့အတွက် ဧပြီလ မှစပြီး၊ ဒီကနေ့ အချိန် အထိ ကျေးရွာက နာရေးကိစ္စများကို မြေမြုတ်သဂြီုလ်နိုင်ခြင်းမရှိပဲ၊ ကားလမ်း နံဘေးတွင်ဖြစ်သလို သရဏဂုံ တင်ကာ လေးတိုင်စင်လေးနဲ့ ကားတာယာမီးကို အသုံးပြု မီးသဂြိင်္ုလ်နေ ရကြောင်းသိရပါတယ်။
![]() |
| ဓာတ်ပုံ- စိန်ငယ်လေး |
![]() |
| ဓာတ်ပုံ – စိန်ငယ်လေး |
အာရှ အဝေးပြေး လမ်းမကြီး စီမံကိန်းဟာ လက်ကောင်းရွာနား က ဖြတ်သန်း သွားတာကြောင့်၊ အခုအခါ မှာ တော့ ဒီအရပ်ဒေသရဲ့ မြေပေါက်ဈေးဟာ တဧကကို ကျပ်သိန်း ၂၀၀၀ နီးပါး ပေါက်ဈေးရှိတယ်လို့ ကြံခိုင် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးလှသောင်က ဆိုပါတယ်။
ရွာသုသာန်ကတော့ လက်ကောင်းရွာနဲ့ ဘိုတက်ကုန်းရွာ ကျေးရွာချင်းဆက်လမ်း တောင်ဘက်မှာရှိပြီး၊ အခု အခါမှာတော့ သုသာန်ဇရပ်အပါအဝင် မြေပုံဟောင်းများပါဖယ်ရှားဖျက်သိမ်း ကာ သံဇကာပတ်လည် ကာရံ ထားကာသီးနှံအချို့ပင်စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ ဒီသုဿန်မြေနေရာ ကိစ္စနဲ့ ပတ်သက်ပြီး၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့် တင်ပြခဲ့သော်လည်း အဆင် မပြေသေးတဲ့အပြင်၊ ဒေသအာဏာပိုင်တွေ လမ်းညွန်တဲ့ သလဲကွင်းသုသာန်ကလည်း ၁၅ပေခန့်သာကျယ် ဝန်းပြီး၊ ရေများထွက်နေတဲ့အတွက် လက်တွေ့မှာတော့ နာရေးကိစ္စများမှာ ခက်ခဲနေပါတယ်လို့ ဒေသခံတွေ ကဆိုပါတယ်။
မင်းထက်ငြိမ်းချမ်း
.jpg)
.jpg)
.jpg)
.jpg)
မှတ်ချက်များ