သမ္မတဦးသိန်းစိန် ဂျာမနီအဓိပတိ မာကယ်လ်နှင့်တွေ့

သမ္မတဦးသိန်းစိန်နှင့် ဂျာမနီအဓိပတိ အန်ဂျလာမာကယ်တို့ကိုတွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)
ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျာမန်အဓိပတိ မာကယ်လ်တို့ တွေ့ဆုံရာတွင် မြန်မာ့နိုင်ငံရေးထက် နေတိုးတပ်ဖွဲ့အကြောင်းကိုသာ ဦးစားပေး ပြောကြားသွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံကို စစ်ဗိုလ်ချုပ်များက နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပြီး သမ္မတဦးသိန်းစိန်က နိုင်ငံပြုပြင်ပြောင်း လဲရေးလုပ်ငန်းများအတွက် ကြိုးပမ်းနေသူဖြစ်သော်လည်း လူ့အခွင့်အရေးသမားများကမူ တိုးတက်မှုများ သည် ရှားရှားပါးပါး ဖြစ်သည်ဟု ယူဆနေကြကြောင်း ဂျာမန်သတင်းဌာန Tagesschau က ရေးသားထား သည်။

ဂျာမန်သတင်းဌာနများကမူ ဂျာမနီသို့လာရောက်သော သမ္မတ ဦးသိန်းစိန်သည် စကားပြောကောင်းသူတစ် ဦး မဟုတ်သော်လည်း မြန်မာ့သမိုင်းအတွက် အရေးပါသူဖြစ်ကြောင်း၊ ပြဿနာ များစွာရှိနေသော မြန်မာ နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတွင် ဦး သိန်းစိန်က အနည်းငယ်ဖြေရှင်းပေးနိုင်ကြောင်း ဆိုထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စက်တင်ဘာ ၁ ရက်က ထွက်ခွာသွားခြင်းဖြစ်သည်။

7day

မှတ်ချက်များ