![]() |
| ဇူလိုင်လက ထောင်ဒဏ်ချမှတ်ခံရသည့် ထားဝယ်လယ်သမား တချို့ |
မြေတွေ ပြန်ရဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရင်း တ ရားစွဲ ထောင်ချခံရတဲ့ တောင်သူလယ်သမား အယောက် ၃၀၀ ကျော်ရှိနေပြီလို့ အန်အယ်လ် ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက
ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ ပြည်
ထောင်စုလွှတ်တော်အစည်းအဝေးမှာ လယ် ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင် အစီရင်ခံ စာ ဆွေးနွေးချိန် သူက ခုလို ပြောဆိုခဲ့တာပါ။
အဲဒီတောင်သူတွေဟာ ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု၊ လက်ပံတောင်း ၀န်းကျင် နဲ့ နေပြည်တော် ပုဗ္ဗသီရိ ၀ဲကြီး ကျေးရွာက လယ်သမားတွေလည်း ပါဝင်ပြီး ရာဇသတ်ကြီး ပုဒ်မတွေနဲ့ တ ရားစွဲဆို ထောင်ချ ခံထားရတယ်လို့ သူက ရှင်းပြပါတယ်။
DVB

မှတ်ချက်များ