ကိုရီးယားထိပ်တန်း ရုပ်သံလိုင်း MBC မှ မြန်မာအလှမယ် မေမြတ်နိုးနှင့် အငြင်းပွားနေသော သရဖူကိစ္စရပ် များအပေါ် Eleven Media Group သို့ လာရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။ ယင်းတွေ့ဆုံမှုတွင် ကိုရီးယား MBC ရုပ်သံလိုင်းမှ Cho, Hyun Woo က လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အယ်ဒီတာချုပ် ကိုဝေဖြိုး က ဖြေကြားခဲ့သည်များကို ပြန်လည်ဖော်ပြ အပ်ပါသည်။
မေး ။ Miss Asia Pacific World ပြိုင်ပွဲကို မေမြတ်နိုးသွားရောက် ယှဉ်ပြိုင်ခဲ့မှုအပေါ် မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို သိချင်ပါတယ်။
ဖြေ ။ မြန်မာအလှမယ်တွေက နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို နန်းခင်ဇေယျာကစပြီး သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်တဲ့အတွက် အသစ်အဆန်း တစ်ခုအနေနဲ့ စိတ်ဝင်တစား အားပေးကြသလို မြန်မာကိုယ် စားပြု အလှမယ်တွေက နိုင်ငံတကာမှာ ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် တစ်ခဲနက်အားပေး ခဲ့ကြပါတယ်။
မေမြတ်နိုး သွားရောက်ယှဉ်ပြိုင်တဲ့ Miss Asia Pacific World ပြိုင်ပွဲက ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။ လက်ရှိမြန်မာနိုင်ငံမှာ ကိုရီးယား ရုပ်ရှင်ဇာတ်ကားတွေ၊ ကိုရီးယား K Pop ယဉ်ကျေးမှုတွေ၊ ကိုရီးယားဖက် ရှင်တွေ စီးဆင်းခေတ်စားနေတဲ့အချိန် ဖြစ်တဲ့အတွက် မေမြတ်နိုး သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကို တခြား ပြိုင်ပွဲတွေထက် ပိုမိုစိတ်ဝင်တစား အားပေးခဲ့ပါတယ်။
မေး ။ Miss Asia Pacific World ပြိုင်ပွဲ မပြိုင်ခင်မှာ မေမြတ်နိုးရဲ့အောင်မြင်မှုနဲ့ ပြိုင်ပွဲမှာ သရဖူရရှိသွားတဲ့ အခါ မေမြတ်နိုးရဲ့ အောင်မြင်မှုကိုလည်း ပြောပြပေးပါ။
ဖြေ ။ ဒီပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်စဉ် ကာလမှာတော့ မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက် ကိုရီး ယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် တခဲနက်အားပေး ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာwinner ဆုရခဲ့တဲ့ အခါမှာလည်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ တစ်ခုမှာ ပထမဆုံးအကြိမ် ဆုရခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ကြားမှာ ပိုပြီးထင်ရှားလာခဲ့တယ်။
မေး ။ သရဖူ ပြန်လည်သိမ်းဆည်းခံရမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာလူမျိုးတွေရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝိဝါဒကွဲပြားစရာတွေ အများကြီးရှိခဲ့ပါတယ်။ လူတွေရဲ့ စိတ်ပါဝင်စားမှု က မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်က ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ဆုရသင့်တဲ့ အရည် အချင်းနဲ့ ထိုက်တန်လို့ ဒီဆုကိုပေးခဲ့တယ်လို့ ယူဆတယ်။ ဆုရပြီးခါမှ ဒီဆုကိုပြန်လည် ရုပ်သိမ်းတယ် လို့ ပြောကြားတဲ့အခါမှာ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိလဲ၊ ဘာကြောင့်လဲဆို တာ သိချင်လာကြတယ်။
ဒီနေရာမှာ အပိုင်းခွဲခြား ပြောစရာရှိတယ်။ သရဖူကို ပြန်လည်ရုပ်သိမ်းလိုက်တယ် ဆိုတာကို Organization က ထုတ်ပြန်ရာမှ သိခဲ့ရတယ်။ National Director ကတစ်ဆင့် သိရတယ်။ ဒီအခါမှာ မီဒီယာတွေ ဒီလိုသရဖူ သိမ်းလိုက်ပြီဆိုတာတွေ ဖော်ပြကြတယ်။ ကာယကံရှင် မေမြတ်နိုးကလည်း ဘာကြောင့် သရဖူသိမ်းရတယ် ဆိုတာကို ရှင်းလင်းပွဲလုပ်တယ်။ သက်ဆိုင်တဲ့ကိုရီးယား Organization ဘက်ကိုတော့ နောက်မှ ဆက်သွယ် လို့ရတယ်။
National Director ရဲ့ ပြောပြချက်ရယ်၊ ကာယကံရှင်ရဲ့ ရှင်းလင်းမှုတွေကြောင့်ရယ် သိရတဲ့အခါမှာ ဝေဖန် မှုတွေအများကြီး ထွက်ပေါ်လာတယ်။ အဓိက ပြိုင်ပွဲပြုလုပ်တဲ့ အဖွဲ့အစည်းရဲ့ ခိုင်မာမှုနဲ့ နောက်ကြောင်း ရာဇဝင်တွေကို စိတ်ဝင်စားလာတယ်။ ဒီအဖွဲ့အစည်းဟာ ရှေ့ပိုင်းမှာ ဒီလိုသရဖူပြန်သိမ်းတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့တာကို နိုင်ငံတကာ မီဒီယာတွေကတစ်ဆင့် သိခဲ့ရတယ်။ နောက်ဆုံးသိရတဲ့ အချက်က ရုံးခန်းဖွင့်လှစ် ထားတယ်လို့ ပြောတဲ့နေရာမှာ ရုံးခန်းမရှိဘူး ဆိုတာကို နိုင်ငံတကာ မီဒီယာတွေကတစ်ဆင့် သိခွင့်ရခဲ့ တယ်။
ဒီအတွက် Organization ရဲ့ခိုင်မာမှု၊ ယုံကြည်လက်ခံနိုင်မှုတွေအပေါ် ပြည်သူတွေက သံသယဝင်လာ တယ်။ နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားတဲ့ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သံသယဖြစ်ဖွယ် အချက်တွေထောက်ပြဝေဖန် ထားတာကို ဖတ်ခဲ့ဖူးလား။ ဘယ်လိုထင်မြင်လဲ ဆိုတာလဲ ပြန်မေးချင်ပါတယ်။
(မဖတ်ဖူးပါဘူးဟု ပြန်လည်ဖြေကြား )
မေး ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မေမြတ်နိုးအပေါ် ယုံကြည်မှု ရှိပါသလား။
ဖြေ ။ မြန်မာအလှမယ်နဲ့ Organization တို့ကြားမှာ ဒါဟာ ပထမဆုံးဖြစ်ပွားခဲ့တယ်ဆိုရင် တစ်မျိုးစဉ်းစား ရပါလိမ့်မယ်။ အခုဖြစ်စဉ်က ပထမအကြိမ် မဟုတ်ပါဘူး။ ဒီအဖွဲ့အစည်းနဲ့ ဆုရသူတွေအကြားမှာ အလား သဏ္ဌာန်တူ ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးတဲ့အတွက် အဲဒီအပေါ်သူတို့ရဲ့ ခိုင်မာမှုကို ယုံကြည်ဖို့ စဉ်းစားစရာပါ။
မေး ။ မေမြတ်နိုးက ရင်သားခွဲစိတ်ခဲ့ပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ မေမြတ်နိုးက မြန်မာမိန်းမပျို တစ်ယောက်ဖြစ်တယ်။ မိဘအုပ်ထိန်းသူနဲ့အတူတူ သက်ဆိုင်ရာနိုင်ငံကို သွားတဲ့အခါ အုပ်ထိန်းသူကို ဒီမှာဆက်မနေဘဲ ပြန်ခိုင်းတဲ့ တွန်းအားပေးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ် Organization အနေနဲ့ ငြင်းဆန်ခဲ့တာ မရှိပါဘူး။ မိဘအုပ်ထိန်းမှု လိုအပ်နေတဲ့ အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းမပျို တစ်ယောက်ရဲ့ မိဘကို ရေခြားမြေခြားကနေ ပြန်လွှတ်တယ်ဆိုတာ မြန်မာ့ ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ဆို Reasonable လုံးဝ မဖြစ်ပါဘူး။ ရင်သားခွဲစိတ်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ ကာယကံရှင်က မီဒီယာများနဲ့ ရှင်းလင်းပွဲမှာ တရားဝင် ငြင်းဆိုထားပါတယ်။ ဒါနဲ့ပတ်သက်လို့ Organization က ဘယ်လိုခွဲစိတ်မှုတွေ လုပ်ပေးထားတယ် ဆိုတာကို တရားဝင်လာရောက် ရှင်းလင်းထားခြင်း မရှိသေးပါ ဘူး။
မီဒီယာရှုထောင့်က ပြောနိုင်တာကတော့ မြန်မာနိုင်ငံမှာ သက်ဆိုင်တဲ့ တည်ဆဲဥပဒေတွေရှိ တယ်။ ဥပမာပြောရရင် အသက် ၁၅ နှစ်ဆိုတာ မိဘအုပ်ထိန်းမှုအောက်မှာပဲ နေရမယ့်အရွယ်။ ဒီလို အသက်မပြည့်သေးတဲ့သူကို သူကနှစ်သက်လို့ ပေါင်းသင်းလက်ထပ်မယ်ဆို ရင်တောင်မေး ။ အင်တာနက်မှာ တက်နေတဲ့ ဓာတ်ပုံတွေကိုရော တွေ့ပါသလား။
ပေါင်းသင်းတဲ့သူကို ခိုးယူပေါင်းသင်းမှုနဲ့ ဥပဒေအရ အရေးယူလို့ရတယ်။ မေမြတ်နိုး ကိုရီးယား သွားတဲ့အချိန်မှာ အုပ်ထိန်းသူရှိလျက်နဲ့ ပြန်လွှတ်ဖို့လုပ်တယ်။ စပွန်ဆာတွေကိုဧည့်ခံရမယ်လို့
ပြောတာမျိုးက မိန်းကလေးတစ်ယောက်ရဲ့ ကာယိနြေ္ဒကို အများကြီးထိခိုက်နိုင်တဲ့အကြောင်း အ ရာတွေ ဖြစ်တယ်…
ဖြေ ။ ကျွန်တော်တို့နိုင်ငံမှာ Social မီဒီယာဆိုတာ ရှိတယ်။ တိကျခိုင်မာတဲ့ ရပ်တည်ချက်နဲ့ သတင်းမီဒီယာ ဆိုတာရှိတယ်။ မေမြတ်နိုးက သူရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေရှေ့မှာ တရားဝင် ရှင်းလင်းပြီးသားပါ။ ကိုရီးယား အဖွဲ့အစည်းကတော့ တရားဝင်ရှင်းလင်းတာ မရှိသေးဘူး။ Facebook အပေါ် ပျံ့နှံ့တဲ့ ဓာတ်ပုံတွေ နဲ့ ပတ်သက်လို့ Credibility က Organization ရဲ့ အရှေ့ကဖြစ် စဉ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မီဒီယာတွေ
ရှေ့မှာ တရားဝင်ပြောဖို့ လိုအပ်ပါတယ်။
ရင်သားခွဲစိတ်တယ်ဆိုတာ အကြောင်းခြင်းရာ တစ်ခုသာဖြစ်တယ်။ သရဖူသိမ်းယူရခြင်းက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လိုမကိုက်ညီလို့ သရဖူဘာကြောင့် သိမ်းရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းကို အရင်
ပြောရပါလိမ့်မယ်။ အဲဒါပြီးတော့မှ ပြိုင်ပွဲဝင်စဉ်မှာ မူလသဘောတူညီချက်အရ ပြဿနာတွေသာ မပေါ်ပေါက်ခဲ့ရင် ဘယ်သူမှ မသိနိုင်တဲ့ အကြောင်းအရာတွေပါ။
အခုပြဿနာတွေ ပေါ်ပေါက်လာလို့သာ ဒီလိုကိစ္စရပ်တွေ ထွက်ပေါ်လာခဲ့တာ။ ဆုပေးပြီးသားသူကို သရ ဖူပြန်သိမ်းတာ အဓိကအကြောင်းရင်းပဲ။ ပြန်လည်ဖြေရှင်း တုံ့ပြန်မယ်ဆိုရင် အဲဒီက စရပါလိမ့်မယ်။ ခွဲစိတ် တယ် မခွဲစိတ်ဘူး ဆိုတာက နောက်ဆက်တွဲ အကြောင်းတရား တစ်ခုပဲဖြစ်တယ်။
မေး ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုဆက်လုပ်သင့်တယ်လို့ မြင်ပါလဲ။
ဖြေ ။ မေမြတ်နိုးက မြန်မာနိုင်ငံပြန်တဲ့ လေယာဉ်ပေါ်ရောက်ချိန်မှ Organization က သရဖူသိမ်းကြောင်း ထုတ်ပြန်တယ်လို့ ပြောတယ်။ မြန်မာနိုင်ငံကို Crown နဲ့အတူ ပြန်ရောက်လာတယ်။ ရောက်လာတဲ့ အခါမှာ လည်း ပြန်မအပ်ဘူးလို့ ပြောတာမဟုတ်ဘူး။ ဒီနိုင်ငံနဲ့ သူ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ပြောဆိုမှုတွေအ တွက် တောင်းပန်ဖို့လိုအပ်တယ်။ တောင်းပန်တဲ့အခါ ဒီသရဖူကို သက်ဆိုင်တဲ့ တာဝန်ရှိသူတွေရှေ့မှာ ပြန် အပ်မယ်လို့ ပြောထားပြီးသား။ ခင်ဗျားတို့ MBC နဲ့ အင်တာဗျူးမှာလည်း သရဖူပြန်အပ်ဖို့ သူဖြေထားတာ
တွေ့တယ်။
မေး ။ ဘာကြောင့် သရဖူပြန်သိမ်းရတယ် ဆိုတာကိုရော စဉ်းစားမိလား။
ဖြေ ။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် တစ်ဦး နဲ့ တစ်ဦးကြားမှာ သဘောထား မတိုက်ဆိုင်ရင် ပြဿနာဖြစ်တတ် ကြတယ်။ အခုဖြစ်စဉ်မှာ သဘောထား မတိုက်ဆိုင်မှုတွေ ရှိတယ်လို့ ယူဆတယ်။ ဒါကို အဖွဲ့အစည်း တစ်ခု အနေနဲ့ Miss တစ်ယောက်နဲ့ဖြစ်တဲ့ ပြဿနာကို အခြားလူတွေ ထိခိုက်စေတာမျိုး မဖြစ်စေသင့်ဘူး။ သရဖူတစ်ခုအပေါ် ဆင့်ပွားဖြစ်လာတဲ့ ပြဿနာနဲ့ အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒီထက်ပိုပြီး စနစ်ကျတဲ့ ပိုမိုခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်မှုမျိုး ရှိသင့်တယ်လို့ ယူဆတယ်။
မေး ။ ဒီပြဿနာတွေ ဖြစ်ပွားတဲ့အတွက် မြန်မာလူမျိုးတွေအနေနဲ့ ကိုရီးယားလူမျိုးတွေအပေါ် အမြင်ပြောင်းလဲမှုတွေရှိလား။
ဖြေ ။ ကိုရီးယားအဖွဲ့အစည်းက မြန်မာလူမျိုးတွေရဲ့ ကိုရီးယားနိုင်ငံအပေါ်ထားတဲ့ သဘောထားကို
သေချာမသိတဲ့အတွက် ဒီကိစ္စကို ကိုင်တွယ်ရာမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ထင်တယ်။ မြန်မာလူ မျိုးတွေက လက်ရှိဖြစ်ပွားနေတဲ့ မေမြတ်နိုးရဲ့ကိစ္စကို ကိစ္စရပ်တစ်ခုလို့သာ သဘောထားပြီး လက်ရှိအထိ ကိုရီးယား Movie၊ K Pop ဖက်ရှင် ရေစီးတွေအပေါ် စိတ်ဝင်စားမှုက ပြောင်းလဲသွားခြင်း မရှိဘူး။ အဖွဲ့ အစည်းနဲ့ မေမြတ်နိုးတို့ ဖြစ်စဉ်မှာ Principle တစ်ခုအပေါ် သေချာညှိနှိုင်းရမှာ သီးခြားကိစ္စပါ။
မေး ။ ပတ်ဆောင်ဟွာ (မြန်မာဘောလုံးအသင်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့သူ) ကိစ္စလည်း ဖြစ်ပွားခဲ့တော့ ကိုရီးယားတွေက စိုးရိမ်နေကြတယ်။
ဖြေ ။ ကျွန်တော်တို့နိုင်ငံက လူတွေက စိတ်ဝင်စားမှုနဲ့ အားပေးမယ်၊ ယုံကြည်မယ်ဆိုလည်း နှစ်နှစ်ကာကာ အားပေးလေ့ရှိတယ်။ အဲဒီလို ယုံကြည်အားပေးမှုအပေါ် အလွဲသုံးစား လုပ်တယ်ဆိုရင် စိတ်ပျက်တတ်တဲ့ သဘောသဘာဝ ရှိတယ်။ ပတ်ဆောင်ဟွာ တစ်ယောက်တည်းနဲ့ မြန်မာဘောလုံးလောက တစ်ခုလုံးကို ကမ္ဘာ့နံပါတ် (၁) ဖြစ်အောင် မလုပ်နိုင်ဘူးဆိုတာ မြန်မာပရိသတ်တွေ သိပါတယ်။ သူ့အနေနဲ့ အတိုင်းအတာ တစ်ခုထိ လုပ်ဆောင်ခဲ့ပေမယ့် သူ့လုပ်ရပ်တချို့ကြောင့် ကျွန်တော်တို့အသင်း မအောင်မြင်ခဲ့ဘူး။ ဒါကို ခွဲခြားနားလည်ပါတယ်။
မေး ။ ကိုရီးယားဘက်က မေမြတ်နိုးညာနေတယ်လို့ ပြောနေကြတယ်။ အဲဒီအပေါ် ဘယ်လိုထင်ပါသလဲ။
ဖြေ ။ နှစ်ဖက်လုံးမှာ နှစ်ဖက်အမြင် ရှိနိုင်ပါတယ်။ မေမြတ်နိုးဘက်က လုပ်ဆောင်မယ့်ဟာကို သူတရားဝင်
ပြောထားပြီးသားပါ။ ကိုရီးယားအဖွဲ့အစည်းဘက်က ဘယ်လို ဆက်လုပ်မလဲဆိုတာ မီဒီယာတွေက
စောင့်ကြည့်နေကြတယ်။
မေး ။ Organization ဘက်က တောင်းပန်ဖို့ မရှိဘူးလို့ ပြောတယ်။ အဲဒီအပေါ် ဘယ်လိုထင်ပါသလဲ။
ဖြေ ။ မေမြတ်နိုးက မီဒီယာတွေရှေ့မှာ သူရဲ့မှန်ကန်မှုကို ရှင်းပြပြီးပြီ။ ကိုရီးယားအဖွဲ့အစည်းကလည်း သူရဲ့မှန်ကန်မှုကို အများပြည်သူရှေ့မှာ ရှင်းပြဖို့လိုအပ်တယ်။ မီဒီယာရှုထောင့်က ပြောနိုင်တာကတော့ မြန် မာနိုင်ငံမှာ သက်ဆိုင်တဲ့ တည်ဆဲဥပဒေတွေရှိတယ်။ ဥပမာပြောရရင် အသက် ၁၅ နှစ်ဆိုတာ မိဘအုပ်ထိန်း မှုအောက်မှာပဲ နေရမယ့်အရွယ်။ ဒီလို အသက်မပြည့်သေးတဲ့သူကို သူကနှစ်သက်လို့ ပေါင်းသင်းလက်ထပ် မယ်ဆိုရင်တောင် ပေါင်းသင်းတဲ့သူကို ခိုးယူပေါင်းသင်းမှုနဲ့ ဥပဒေအရ အရေးယူလို့ရတယ်။
မေမြတ်နိုး ကိုရီးယားသွားတဲ့အချိန်မှာ အုပ်ထိန်းသူရှိလျက်နဲ့ ပြန်လွှတ်ဖို့လုပ်တယ်။ စပွန်ဆာတွေကို ဧည့်ခံရမယ်လို့ ပြောတာမျိုးက မိန်းကလေးတစ်ယောက်ရဲ့ ကာယိနြေ္ဒကို အများကြီးထိခိုက်နိုင်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ ဥပဒေအရ ပြောရမယ်ဆိုရင် တည်ဆဲစည်းမျဉ်း စည်းကမ်းတွေအရ အများကြီး လုပ်လို့ရတယ်။
မေး ။ ဒါဆို မေမြတ်နိုးကို မြန်မာပရိသတ်တွေက တစ်ခဲနက် အားပေးထောက်ခံကြမှာပေါ့။
ဖြေ ။ မြန်မာလူမျိုးတွေက အမှန်တရားပေါ်မှာ လက်ခံတတ်ကြပါတယ်။ အမှန်တရားဆိုတာ မှန်တဲ့အရာကို မှန်ကန်ကြောင်း ယုံကြည်နိုင်စွမ်းရှိတဲ့ အကြောင်းခြင်းရာတွေနဲ့ သက်သေပြနိုင်ဖို့ အရေးကြီးပါတယ်။ သူကသတ်မှတ်တဲ့ စည်းမျဉ်းအတိုင်း ဝင်ပြိုင်တယ်။ ဆုနဲ့လျော်ညီလို့၊ ထိုက်တန်လို့ဆုရခဲ့တယ်လို့ ယူဆ တယ်။ ဆုပေးပြီးကာမှ ဒီဆုက ငါတို့ပေးလို့ရတာ၊ ငါတို့ပြန်သိမ်းလည်း ဖြစ်တာပဲလို့ အထင်ရောက်စေတဲ့ လုပ်ရပ်မျိုးက ဒီလိုဖြစ်စဉ်မှာ မဖြစ်သင့်ဘူး။
Eleven Media

မှတ်ချက်များ