လေ့လာသူတွေအဖြစ်သာ ဗြိတိန်ရဲတွေကို သဘောတူ ခဲ့တာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား
ထိုင်းတောင်ပိုင်း ခိုထောင်း (ခေါ်) လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့ လာ သူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါ တယ်။
ဒါဟာ နိုင်ငံခြားသားခရီးသွား ၂ ဦးအသတ်ခံရတဲ့အမှု စုံစမ်းစစ်ဆေးရာမှာ ဥရောပနိုင်ငံတစ်နိုင်ငံက ယုံကြည်မှုရရှိစေဖို့ လာရောက်ခွင့်ပြုတာသာဖြစ်တယ်လို့လည်း အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဥရောပအာရှ ထိပ်သီးညီလာခံကအပြန် ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ်အတွင်း မနေ့ညနေက ကျင်း ပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။
ထိုင်းခိုထောင်းကျွန်း လူသတ်မှုအတွက် ဗြိတိန် ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူ လိုက်ကြောင်း သောကြာနေ့ညက ဗြိတိန်အစိုးရ နိုင်ငံခြား ရေးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ လုံးဝကွဲပြားနေပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ထိုင်းတရားစီရင်ရေးစနစ်အပေါ် သူ့အနေနဲ့ ချို့ယွင်းချက်မမြင် ကြောင်း၊ ဒါပေမယ့် ဗြိတိန်နိုင်ငံသားအများအပြားဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုစုံစမ်းစစ်ဆေးချက်အပေါ် သံသယရှိနေ
ကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့တယ်လို့ ထိုင်းဝန်ကြီး ချုပ်က ပြောပါတယ်။
ဒီအမှုမှာ တရားဥပဒေအတိုင်းဆောင်ရွက်တဲ့အတွက် ဘာပြဿနာမှမရှိကြောင်း၊ အင်္ဂင်္လန်အနေနဲ့ လေ့လာ သူတွေ စေလွှတ်မယ့်ကိစ္စကို သဘောတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သတင်း ထောက်တွေ ကို ပြောပါတယ်။
ဒီအမှုမှာ မြန်မာ ၂ ဦးကို ဓားစာခံအဖြစ် ရဲကလက်ထောက် ချထားတယ်လို့ ပြောဆိုကြတာတွေ ကိုလည်း သူကထပ်ပြီး ငြင်းဆိုခဲ့ပါတယ်။ အလားတူ ဗြိတိန်ထောက်လှမ်းရေးရဲအရာရှိတွေ အမှုကိုလာစစ်မယ် ဆိုတဲ့ သတင်းတွေကို ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝမ်က မနေ့က ငြင်းဆို လိုက်ပါ တယ်။
သောကြာနေ့က လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ ခိုထောင်း အမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူ ခဲ့ကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေ ကိုစစ်ဆေးရာမှာ လွတ်လပ်စွာဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ် စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာလည်း ခိုထောင်းကျွန်းလူသတ်မှုအတွက် စွပ်စွဲခံထားရသူ မြန်မာ ၂ ဦးရဲ့ မြန်မာနိုင်ငံက မိဘတွေ လာရောက်တဲ့အချိန် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ ဆူရတ်သနီခရိုင် ထောင်အကြီးအ ကဲကို အမိန့်ပေး ထားကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဗိတယ ဆူရိယာဝေါင်းက မနေ့ က ပြောကြားလိုက် ပါတယ်။
RFA Burmese

မှတ်ချက်များ