အသက် ၇၂ အရွယ် Wang ဆိုသူဟာ ညှပ်ဖြင့် ဆံပင်ကို အချိန်ကြာကြာ ပုံတည်နေအောင် အခွေ၊ အလိပ်၊ အကောက်စသည်ဖြင့် ပြုပြင်ပေးတဲ့ ရိုးရာအစဉ်အလာကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပါတယ်။ ခေတ်မှီနည်းပညာနဲ့ အစားထိုးမခံရမီ ၁၉၈၀ ခုနှစ်များက တရုတ်နိုင်ငံမှာ ညှပ်ဖြင့် ပြုပြင်ပေးခြင်းမှာ လူသိ များ ထင်ရှားခဲ့ကြောင်း အစ်ကိုဖြစ်သူနဲ့ ၁၇ နှစ်အရွယ်မှာ ထိုကျွမ်းကျင်မှုကို တတ်မြောက်ခဲ့တဲ့ Wang ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ညှပ်သုံးစနစ်ကို ဒီဘက်ခေတ် customer တွေအနေနဲ့ သဘောမကျဖြစ်ကြပြီး ၄င်းကျွမ်းကျင်မှု တတ်
မြောက်သူ ရှားပါးနေပြီဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ကတည်းက Wang နဲ့ သူ့အစ်ကိုဖြစ်သူက ဆံပင်ညှပ်ဆိုင် တစ်ဆိုင်စီ ဖွင့်လှစ်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်တွင် သူ့အစ်ကို ကွယ်လွန်ခဲ့ကာ မြို့ထဲရှိ တစ်ခုတည်းသော Wang ရဲ့ ဆံပင်ညှပ်ဆိုင်ကို ထားသွားခဲ့ပါတယ်။ ယနေ့ခေတ်မှာ အများစု ညှပ်ကို အသုံးမပြုကြတော့ဘဲ ညှပ်ရောင်းချမှု ရှားပါးနေတာကြောင့် ၄င်းအတတ်ပညာ လုံးလုံးပျက်သုဉ်းသွားမှာကို Wang က စိတ်ပူလို့ နေမိပါတယ်။
Victor - Trend Myanmar
Victor - Trend Myanmar

မှတ်ချက်များ