ထိုင်ဝမ်လူမျိုးအမျိုးသားတစ်ဦးမှ ၎င်း၏ချစ်သူအမျိုးသမီး၏ နှုတ်ခမ်းများ၊ နားရွက်များ၊ နှာခေါင်းတို့ကို လှီးဖြတ်ပြီး အသားစများကို ရေအိမ်ထဲသို့ စွန့်ပစ်
ထိုင်ဝမ်တွင် အသက် ၇၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ၎င်း၏ချစ်သူ၏ နှုတ်ခမ်းများ၊နားရွက်များ၊ နှာခေါင်း တို့ကို သဝန်တိုစိတ်ဖြင့်လှီးဖြတ်ပြီး အသားစများကို အိမ်သာထဲသို့ ရေနှင့်မျှောချလိုက်ပြီးသည့်နောက်တွင် ရဲမှ ၎င်းကို ဗုဒ္ဓဟူး(အောက်တိုဘာ ၂၉)နေ့က ဖမ်းဆီးလိုက်သည်။
အသက် ၄၇ နှစ် အရွယ် အမျိုးသမီးကို ဆေးရုံ၌ ကုသပေးလျက်ရှိပြီး အခြေအနေကောင်းမွန်သည်။အမည် အားဖြင့် “ဟောင်” ဟုသာ သိရှိရသူ ထိုအဖိုးအိုမှ ၎င်း၏ချစ်သူ၌ အခြားတစ်ယောက်ရှိနေပြီးထိုတစ်ယောက်
နှင့် ၎င်းနောက်ကွယ်တွင် ကြိတ်ပုန်းခုတ်ဇာတ်လမ်းရှုပ်နေသည်ဟု သံသယရှိနေသည်။
အဖိုးအိုသည် ၎င်း၏ချစ်သူ အိပ်ပျော်နေခိုက် သူမလှုပ်မရအောင် တုတ်နှောင်ပြီး သူမ၏ နှုတ်ခမ်းများ၊ နား ရွက်များနှင့် နှာခေါင်းတို့ကို သစ်သီးလှီးဓားဖြင့် ပါးပါးလှီးခဲ့သည်။ အမျိုးသမီးမှ နာကျင်မှုဖြင့် စူးစူးဝါးဝါး အော် ဟစ်သောအခါ ထိုသို့အော်မရအောင် တဘက်တစ်ထည်ဖြင့် ပါးစပ်ကို ပိတ်စီးထားခဲ့သည်။
ထို့နောက် အသားစများကို ရေအိမ်သာထဲသို့ ရေနှင့်လောင်း၍ လျှောချခဲ့ပြီး အရေးပေါ်လူနာတင်ကားကို ဖုန်းဆက်လှမ်းခေါ်ခဲ့သည်။
ဟောင်သည် စွဲစွဲလန်းလန်းချစ်တတ်သူတစ်ယောက်ဖြစ်ပြီး ၎င်းမှ ၎င်း၏ချစ်သူအား “ထမင်းစားခန်းမှာ အခြားတစ်ယောက်နှင့် နင်နှင့် အတူရှိတာ ငါတွေ့ရလျှင် သွေးထွက်သံယိုမှုတွေ ဖြစ်သွားမယ်” ဟု ခြိမ်း
ခြောက်စာတစ်ခု ရေးသားခဲ့သည်။
မျိုးမင်းသန့်  ဘာသာပြန်ဆိုသည်။

မှတ်ချက်များ