နယူးယောက်မြို့၌ အီဘိုလာရောဂါ ကူးစက်ခံရသူ စတင်တွေ့ရှိ
ဂီနီယာနိုင်ငံရှိ အီဘိုလာရောဂါရှိသူများအား ကုသရေးတွင် ပါဝင်ထမ်းဆောင်ပြီး နယူးယောက်သို့ ပြန် လာသော ဆရာဝန်တစ်ဦးထံ၌ အီဘိုလာရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒေါက်တာ ကရစ် စပင်ဆာသည် နယူးယောက်မြို့တွင် အီဘိုလာရောဂါ ကူးစက်ခံထားရသော ပထမဆုံး လူ ဖြစ်လာပြီး ယင်းအား ဘဲလ်ဗျူးဆေးရုံသို့ ပို့ဆောင်ကာ သီးသန့်ထားကာ ဆေးကုသပေးလျက်ရှိ သည်။ တစ်ချိန်တည်းမှာပင် မည်သို့ကူးစက်ခံခဲ့ရသည်ကို သိရှိနိုင်ရန်အတွက်လည်း ပြီးခဲ့သော ရက်ပိုင်း အတွင်း ဒေါက်တာကရစ်၏ သွားလာလှုပ်ရှားမှုများအား ခြေရာခံနေသည်။
ထို့ပြင် ဒေါက်တာကရစ်နှင့် တွေ့ဆုံခဲ့သော လူ အနည်းဆုံး သုံးဦးအား ဆေးရုံသို့ပို့ကာ သီးသန့်ထားပြီး
စောင့်ကြည့်နေသည်။
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ကုသရေးစင်တာ အဖွဲ့ချုပ်မှ အဖွဲ့တစ်ဖွဲ့အား နယူးယောက်မြို့သို့
စေလွှတ်ကာ ယင်းတို့၏ ကိုယ်ပိုင်စမ်းသပ်မှုများဖြင့် စမ်းသပ်စစ်ဆေးပြီးနောက် အီဘိုလာရောဂါရှိကြောင်း အတည်ပြုကာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
7day

မှတ်ချက်များ