![]() |
| ဦးပါကြီး |
ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ဒီကေဘီအေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲသတင်းကို သွားရောက်ရိုက်ကူးခဲ့ပြီး ကျိုက်မရောမြို့ပေါ် တက်ဖို့အပြန်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခဲ့တဲ့ ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီး ဆန်းမင်းအောင်ကို ဇနီးဖြစ်သူ သွားရောက်မေးမြန်း တဲ့အခါ ဖမ်း စဉ်က သူကိုယ်တိုင်ပါပေမယ့် အခုဘယ်ရောက်နေလဲ မသိဘူးလို့ ပြောပါ တယ်။
ပြည်နယ်အစိုးရရဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ကိုသာမေးပါလို့ ပြန်လည်ဖြေဆိုတဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။
သူ့ရဲ့ ဇနီးဖြစ်သူက ကျိုက်မရော ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကို တရား လိုပြုပြီး ထပ်ဆင့်အမှုဖွင့်သွားမယ်လို့ ပြောပါတယ်။
ဦးပါကြီးဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ သုံးရောင်ခြယ်လူငယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို တာဝန်ယူခဲ့သူဖြစ်ပြီး ပြည်တွင်းဂျာနယ်တွေမှာ ဆောင်းပါးတွေရေးနေသူလည်းဖြစ် ပါတယ်။
DVB

မှတ်ချက်များ