မိန်းကလေး၂၅ ဦးဖမ်းဆီးခံရ၊ ဘိုကိုဟာရမ် လက်ချက်ဖြစ်နိုင်
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမျိုးသမီးငယ် ၂၅ ယောက် ထပ်မံ ဖမ်းဆီးခံနေရပြီး ဘိုကိုဟာရမ် အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ မိဘတွေက ယူဆနေကြပါတယ်။
ဧပြီလတုန်းကလည်း ကျောင်းသူ အယောက်ပေါင်း ၂၀၀ ကျော်ကို ဘိုကိုဟာရမ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကျောင်းသူ အယောက် ၂၀၀ ကျော် ပြန်လည်လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဘိုကိုဟာရမ်အကြား ဆွေးနွေးမှုတွေ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နေတုန်း အမျိုးသမီးငယ် ၂၅ယောက်
လောက်ထပ်မံ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သူတို့အိမ်ကို လာပြီး အမျိုးသမီးငယ်တွေကို ဖမ်းဆီးထားပြီး နည်းနည်းအရွယ်
ရောက်နေတဲ့ မိန်းကလေးတွေကိုတော့ ပြန်လွတ်ပေးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
တချို့ဆိုရင် သမီး မိန်းကလေး ၃ ယောက်တောင် ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယားအစိုးရက အတည်ပြုတာ မလုပ်သေးပါဘူး။
ဘိုကိုဟာရမ်ရဲ့ အဓိပ္ပာယ်ကတော့ အနောက်တိုင်း ပညာရေးဟာ အပြစ်ရှိတယ်လို့ အဓိပ္ပာယ်ရပြီး အနောက် တိုင်းပညာရေးကို ဆန့်ကျင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
သူတို့အဖွဲ့ လိုလာတဲ့ နည်းလမ်းအတိုင်း မနေထိုင်တဲ့ လူတွေကို နှိပ်ကွပ်လေ့ရှိပြီး မွတ်စလင်၊ ခရစ်ယာန်မခွဲ
ခြားပဲ နှိပ်ကွပ်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံမှာ Sharia ဥပေဒေကျင့်သုံးဖို့ လိုလား
နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ABC Radio Australia

မှတ်ချက်များ