သံတွဲညမထွက်ရအမိန့် ရုပ်သိမ်း


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ကို အောက်တိုဘာ ၂၈ ရက် မှာ ရုပ်သိမ်းလိုက်ပြီလို့ ပြည်နယ်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဦးဦးလှသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့လက ညမထွက်ရအမိန့် ရုပ်သိမ်းခဲ့ပြီးတဲ့နောက် အခု သံတွဲမြို့မှာ ရုပ် သိမ်းလိုက်တာဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာတော့ ညမထွက်ရအ မိန့် ရုပ်သိမ်းခြင်း မရှိသေးပါဘူး။

DVB

မှတ်ချက်များ