အီဘိုလာဗီဇများကို ဖော်ထုတ်ပေးနိုင်မည့် ဇီဝလစ်တမတ်စက္ကူ
ဂျယ်လီငါးနှင့်အခြားသက်ရှိသတ္တ၀ါငယ်များ၏ DNA တွင် ပါဝင်သောရောဂါပိုးများကို ဇီဝလစ်တမတ်စက္ကူ
ဖြင့် ရှာဖွေကြည့်ရာဝယ် အောင်မြင်မှုရရှိခဲ့ပြီးနောက် ယခုအခါအီဘိုလာဗိုင်းရပ်ပိုး၏ ဗီဇ(၂)မျိုးကိုလည်းလစ် တမတ်စက္ကူနည်းပညာဖြင့် ရှာဖွေဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
လစ်တမတ်စက္ကူနည်းပညာဖြင့် အီဘိုလာဗိုင်းရပ်ပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိစမ်းသပ်သည့်စနစ်သည် ကုန်ကျမှု နည်းပါးပြီး လွယ်ကူသက်သာသည့်အတွက် အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာလူနာ သစ်များကို စမ်းသပ် ရှာဖွေရာတွင် အသုံးပြုသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရောဂါရှာဖွေနည်းစနစ်အသစ်အတွက် ချဉ်းကပ်လမ်းကြောင်းလို့  မှတ်ယူနိုင်ပါတယ်။ လူလုပ်ဇီဝပစ္စည်းတစ် ခုနဲ့  ရောဂါပိုးကိုရှာဖွေနိုင်တဲ့နည်းစနစ်ဟာ ရောဂါရှာဖွေရေးလောကမှာ နည်းပညာအသစ်တစ်ခု ဖြစ်လာမှာ ပါဟု သုတေ သီ တစ်ဦးက ပြောပြသည်။
လစ်တမတ်စက္ကူနည်းပညာတွင် DNA ကို စက္ကူပေါ်တွင်ပုံနှိပ်ဖော်ပြနိုင်ခြင်းက အဓိကကျသည်။ ရှေးဦး စွာ ရောဂါပိုး စမ်းသပ်ရှာဖွေမည့်သူ၏ DNA ကို လစ်တမတ်စက္ကူပေါ်တွင် ထားရသည်။ ထို့ နောက် လစ်တ မတ်ကို ခဲနေအောင် အအေးခံပြီး အခန်းတွင်းအပူချိန်တွင် ထုတ်ထားရသည်။
ထို့ နောက် ရေထဲတွင်စိမ်ပေးလိုက်လျင် DNA ကလည်း ရေထဲတွင် ပျော်ဝင်သွားမည်ဖြစ်ပြီး အီဘိုလာဗိုင်း ရပ်ရှိပါက ရေထဲတွင်စိမ်ထားသော လစ်တမတ်စက္ကူသည်လည်း အရောင်ပြောင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
သတ္တ၀ါတို့ ၏ DNA တွင် အရောင်ကိုပြောင်းလဲစေနိုင်သော ဗီဇတစ်မျိုးပါရှိသည်။ သို့ ဖြစ်၍သာ ဂျယ်လီငါး များ သည် UV အလင်းတန်းအောင်တွင် တောက်ပနေသကဲ့သို့  ဘက်တီးရီးယားများ၏ ပရိုတိန်းသည် လည်း လူ့ မျက်စိ အမြင်တွင် အရောင်အမျိုးမျိုးပြောင်းလဲနေခြင်းဖြစ်သည်။ လူ့  DNA ထဲတွင် အီဘိုလာဗိုင်း ရပ်က ၀င်ရောက်ခြေကုပ် ယူထားလျင် ကျန်းမာသော DNA က အရောင်မပြောင်းလဲစေသော လစ်တမတ် စက္ကူသည်လည်း အီဘိုလာဗိုင်းရပ် ကြောင့် တန်ဖိုးပြောင်းသွားသော DNA ပါ ဓါတုပစ္စည်းကြောင့် အရောင်ပြောင်းသွားရခြင်းဖြစ်ကြောင်း သိရသည်။
မော်လီကျူးအခြေပြုဇီဝဖြစ်စဉ်ကို အခုလိုစာရွက်ပေါ်တင်ပြနိုင်တာဟာ ဇီဝပစ္စည်းနဲ့ ဓါတုပစ္စည်းတွေရဲ့ 
ပေါင်းစပ် တုန့် ပြန်မှုကို လိမ္မာပါးနပ်စွာအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ ဒါဟာ သိပ်ကိုလွယ်ကူ ပါတယ်ဟု သုတေ သီ တစ်ဦးက ပြောပြသည်။
လစ်တမတ်စက္ကူနည်းပညာဖြင့် အီဘိုလာဗိုင်းရပ် ရှိ၊မရှိကို မိနစ် ၃၀ အတွင်းသိရှိနိုင်မည်ဖြစ်သည့်အတွက် လက်ရှိ အကုန်အကျများလှပြီး အချိန်ပေးရသလောက် ရှုပ်ထွေးလှသော အီဘိုလာဗိုင်းရပ်စမ်းသပ်ရှာဖွေ
ရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးအစားထိုးသွားနိုင်ရန် သုတေသီများက ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
လစ်တမတ်စက္ကူနည်းပညာဖြင့် အီဘိုလာဗိုင်းရပ်ရှာဖွေရန် ဓါတ်ခွဲခန်းတစ်ခုကို အသင့်ပြင်မည်ဆိုပါက အချိန် ၁၂ နာရီခန့် သာလိုအပ်မည်ဖြစ်ပြီး မိနစ် ၃၀ အတွင်း အီဘိုလာဗိုင်းရပ်ကို ရှာဖွေပေးနိုင်မည့် လစ် တမတ်စက္ကူချပ်ပြား လေး တစ်ခုသည်လည်း ၂၁ ဒေါ်လာသာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
သမန်းကျား | Lashio News Diary

မှတ်ချက်များ