တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးမှ ပြုတ်ကျ လူ ၂၀ ဦးသေဆုံး


တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် လူ ၁၃ ဦးဒဏ်ရာ ရရှိပြီး အော်ပရာကုမ္ပဏီမှ လူ ၂ဝ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှုသည် ဟီနန်ပြည်နယ်အလယ်ပိုင်း လင်ဇူး မြို့တွင် အင်္ဂါနေ့အစောပိုင်းက ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဒေသ တွင်းအစိုးရ၏ သတင်းရင်းမြစ်ကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြ သည်။

တိမ်းမှောက်သွားသော ဘတ်စ် ကားသည် ဒေသတွင်းဇာတ်အဖွဲ့ကို တင်ဆောင်လာကြောင်း အန်ယန်မြို့ အစိုးရက ပြောခဲ့သည်။

လင်ဇူးပြည်နယ် ရဲတပ်ဖွဲ့သည် မတော်တဆမှုနှင့် သက်ဆိုင်သော အွန်လိုင်းဖော်ပြမှုတစ်ခုတွင် ဘတ်စ် ကားပေါ်ပါ ခရီးသည် ၃၃ ဦးရှိ ကြောင်း၊ သေဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးကြောင်း ဖော်ပြထားခဲ့သည်။

အဆိုပါ မတော်တဆမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု များကို လုပ်ဆောင်နေပြီး အလားတူ မတော် တဆမှုများ တရုတ်နိုင်ငံ တွင် အဖြစ်များလျက်ရှိသည်။ လွန်ခဲ့ သော ဇူလိုင်လတွင် တရုတ်နိုင်ငံ အလယ်ပိုင်း အမြန်လမ်းမတစ်ခု ပေါ်တွင် ပေါက်ကွဲစေသော ဓာတ် ငွေ့များ သယ်ဆောင်လာသည့် ဗင်ကားတစ်စီးနှင့် ဘတ်စ်ကား တစ်စီးတို့ တိုက်မိသဖြင့် လူ ၃၈ ဦး သေဆုံးခဲ့ပြီး အချို့မှာလည်း ဒဏ်ရာရရှိခဲ့ကာ ကားငါးစီးပျက်စီးခဲ့ ကြောင်း သိရသည်။

Myanmaalinn

မှတ်ချက်များ