ကမ္ဘာပတ်ပျံသန်းနေ သည့် ဆိုလာလေယာဉ်ကို မန္တလေးလေဆိပ်တွင် ဆင်းသက်စေ ခြင်းမှာ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှုလေ့လာခွင့်ရပြီး အ မြင်ကျယ်လာစေရန်နှင့် ဆိုလာ စွမ်းအင်အား နိုင်ငံအတွက် ပြန် လည်အသုံးချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းဆိုလာလေယာဉ်(SI-2)၏ မြန်မာနိုင်ငံဆိုင်ရာမိတ် ဖက်ဖြစ် သည့် First Myanmar Investment နှင့် Yoma StrategicHoldings ဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။
‘‘ဆိုလာလေယာဉ်ရောက် လာတာ ကျောင်းသားတွေအမြင် ကျယ်သွားဖို့၊ ဗဟုသုတရဖို့၊ သူတို့ နဲ့ ပိုင်းလော့တွေနဲ့ ဆွေးနွေးနိုင်ဖို့ အားလုံး စီစဉ်ထားပါတယ်။ နောက်ဆိုလည်း သူတို့အနေနဲ့ ပို မိုတက်ကြွပြီး ဒီဆိုလာအင်နာဂျီ ကို ဘယ်လိုသုံးသပ်မလဲ။ ကိုယ့် နိုင်ငံထဲမှာ ဘယ်လိုပြန်အသုံးချမ လဲဆိုတဲ့အမြင်ပေါ့
နော်။ အမြင် ကျယ်သွားတဲ့အပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပိုမို ကြိုးစားဖို့ အဓိကယူဆပါ တယ်’’ ဟု ဦးသိမ်းဝေကပြောသည်။
ဆိုလာလေယာဉ်သည် မတ် လ ၁၉ရက် ညဦးပိုင်းက မန္တလေး မြို့တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိလာခဲ့ပြီး ယ နေ့မတ်လ ၂၀ရက်၌ နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါ အ၀င်အစိုးရအ ဖွဲ့ဝင်များက လေယာဉ်ကိုလာ ရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံလေ

ကြောင်း သိပ္ပံတက္ကသိုလ်၊ မန္တလေးနည်းပ ညာတက္ကသိုလ်နှင့် ကင်းထောက် လူငယ်ကျောင်းသားများ၊ မန္တလေးမြို့ ကိုယ်ပိုင်ကျောင်းအချို့မှ ကျောင်းသား၊ ကျောင်းသူများ လည်းလာရောက်ကြည့်ရှုလေ့ လာခွင့် ရခဲ့သည်။
ဆိုလာလေယာဉ်ဖြင့် ကမ္ဘာ ပတ်ပျံသန်းရခြင်းမှာ ကြိုးပမ်း အားထုတ်မှုကြောင့် နည်းပညာ များ ဖွံ့ဖြိုးတိုး တက်လာခြင်းနှင့် ဆိုလာကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ကျယ်ကျယ်ပြန့် ပြန့်အသုံးပြုရန် ကမ္ဘာ တစ်ဝန်းမှ လူများနှင့် အစိုးရများကို လှုံ့ ဆော်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ် သည်ဟု Solar Impulseတွဲဖက် တည်ဆောက်သူများဖြစ်သကဲ့သို့ လေယာဉ်မှူးများ ဖြစ်သည့် Bertrand Piccardနှင့် Andre Borschberg တို့က သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။
‘‘ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်များသည်လူမှုအသိုင်းအ၀ိုင်း များပေါင်းစည်းညီညွတ်မှု၊သာ ယာဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့၏ ရင်းမြစ်တစ်ရပ် ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်’’ဟု ဆိုလာ လေယာဉ်အား အိန္ဒိ ယနိုင်ငံ ဗာရာဏသီမြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းမောင်းနှင်ခဲ့သည့် ဆွစ်ဇာလန်လေ ယာဉ်မှူး Bertrand Piccard ကပြောသည်။
တံတားဦးလေဆိပ်တွင်ရပ် နားထားစဉ်အတွင်း မတ်လ ၂၂ ရက်နေ့ ကျောင်းသား၊ ကျောင်း သူများနှင့် အများပြည်သူအား လေ့လာကြည့်ရှုခွင့် ပြုထားပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Solar Impulseလေယာဉ်မှူးများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အချိန်ပိုင်း ခြားဖြင့်လေ့လာသင်ယူခွင့်များရ မည်ဖြစ်

ကြောင်း သတင်းရရှိ သည်။
7day
7day
မှတ်ချက်များ