လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ်းများအား သုံးဘီးမောင်းသူ များက အုပ်စုဖြင့် ရိုက်နှက်
အောက်တိုဘာလ (၂၇) ရက်နေ့ ၊ နံနက်ပိုင်းက လားရှိုးမြို့ သို့ ဆိုက်ကပ်လာသော ခရီးသည်တင် Express ယာဉ် တစ်စီး၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးကို သုံးဘီးမောင်းသူများက ၀ိုင်းဝန်း ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယနေ့ နံနက် ၁၀း၁၅ အချိန်ခန့် က AA Family ယာဉ်လိုင်းမှ မကွေး-လားရှိုး Express ယာဉ် သည် လားရှိုးမြို့  တွင်းသို့  ၀င်ရောက်လာရာ ရပ်ကွက် (၁) GE တပ်ပေါက်ဝအနီးတွင် ဆင်းသက်လိုသော ခရီးသည်များ ရှိသဖြင့် ခေတ္တရပ်တန့် ပေးခဲ့သည်။
Express ယာဉ်ရပ်တန့် လျင် ဆင်းလာမည့်ခရီးသည်အချို့ က သုံးဘီးငှားကြလေ့ရှိသောကြောင့် သုံးဘီး ယာဉ်ငယ် များကလည်း ယင်း Express ကားရပ်တန့် ရာသို့  ရောက်ရှိလာကြပြီး ခရီးသည်များကို အပြိုင် အဆိုင်ခေါ်တင်ခဲ့ကြ သည်။ ထိုသို့ ခရီးသည်အပြိုင်ခေါ်ကြရင်း အမည်မသိသုံးဘီးမောင်းသူတစ်ဦးက Express ယာဉ်ပေါ်တက်ကာ ခရီးသည်ရရှိရန် အလို့ ငှာမေးမြန်းခဲ့သည်။
Express ယာဉ်နောက်လိုက်များကလည်း ခရီးသည်ပစ္စည်းလုံခြုံရေး အတွက် ကားထဲထိမတက်ရန် ဟန့်  တားရာမှ ယင်းသုံးဘီးမောင်းသူနှင့် ကတောက်ကဆဖြစ်ခဲ့ပြီး ယာဉ်အောက် တွင် Express ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂) ဦးတို့ အား သုံးဘီးယာဉ်မောင်းအဖွဲ့ မှ တုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ် သည်။
ထို့ ကြောင့် ယာဉ်မောင်းကိုဇော်ကြီး (၃၅) နှစ်၊ ယင်းစိတ်ရွာ၊ တောင်တွင်းကြီးမြို့ နယ်နေသူတွင် ဦးခေါင်းဝဲ ဘက် ချိုစောင်းပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာဉ်နောက်လိုက် နိုင်နိုင်ဝင်း (၂၆) နှစ်၊ ဆိပ်ဖြူမြို့ နယ်၊ တောင် ရွာမကျေးရွာ နေသူတွင် ဦးခေါင်းယာချိုစောင်းနှင့် ၀ဲလက်မောင်းတို့ တွင် ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက် လိုက် မောင်မောင် (၂၆) နှစ်၊ အမှတ် (၆) ရပ်ကွက်၊ ချောက်မြို့ နေသူတွင် ယာနဖူးပေါက်ပြဲဒဏ်ရာ (၁) ချက် တို့ ရရှိပြီး လားရှိုးဆေးရုံတွင် ဆေးကုသခံနေရာရာ ယာဉ်မောင်းကိုဇော်ကြီး၏ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း သိရသည်။
သုံးဘီးမောင်းသူတွေနဲ့  ကျွန်တော်တို့  Express ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ မကြာခဏ ဆိုသလို တင်းမာမှုဖြစ်ပါတယ်။ သူတို့ ခရီးသည်ရဖို့ အရေး ကားပေါ်ကိုတက်ဖို့  ကြိုးစားတယ်။ ကျွန်တော် တို့ ကလည်း ခရီး သည်ပစ္စည်းလုံခြုံရေးရယ်၊ ခရီးသည်တွေ စိတ်အနှောက်အယှက်မဖြစ်စေရေးရယ် အ တွက်သူတို့ ကို ကားပေါ် အတက်မခံနိုင်ဘူး။ ဒါကိုသူတို့ က ရန်လုပ်တတ်ပါတယ်။
ကျွန်တော်တို့ ကားတစ်စီးကိုလည်း အခု AA ကိုလုပ်သလို ပဲ ၀ိုင်းရိုက်ခဲ့ဖူးပါတယ်။ သူတို့ ကြောင့် ခရီးသည် လက်ဆွဲအိတ်တစ်လုံးပျောက်လို့  ပိုင်ရှင်ကို ငွေ (၃) သိန်း လျော် ပေးခဲ့ရဖူးပါတယ်ဟု ရာဇာထွန်းယာဉ်လိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
လားရှိုးမြို့ တွင် သုံးဘီးယာဉ်ငယ်မောင်းနှင်သူအများစုမှာ ရွေ့ လျားလုပ်သားများဖြစ်သည်နှင့်အညီ စရိုက် ကြမ်းတမ်းသူများပါဝင်ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလည်း သိရှိလိုက်နာနိုင်မှု အားနဲသည့်အ တွက် အများပြည်သူသုံးလမ်းမကြီးများတွင် စည်းကမ်းမဲ့စွာ ရပ်တန့် ခြင်း၊ ခရီးသည်နှင့်ကုန်ပစ္စည်းများ အ တင်အချ ပြုလုပ်ခြင်း၊ အန္တရယ်ဖြစ် စေနိုင်သောအရှိန်ဖြင့်မောင်းနှင်ခြင်း၊ မိဘပြည်သူများအား မချေမငံဆက် ဆံခြင်း၊ ကိုယ်ပိုင်ယာဉ်ငယ်များကို အကျိုး ဖျက်စီးခြင်း၊ အခွင့်အရေးရလျင် ခိုးမှုကဲ့သို့ ဒုစရိုက်မှုများကျူး လွန်ခြင်း၊ ညအချိန် သုံးဘီးဂိတ်နေရာများတွင် မူးယစ် သောက်စားကာ မဖွယ်မရာကိစ္စရပ်များပြုလုပ်ခြင်း တို့ ကိုပြုမူနေသည့်အတွက် လားရှိုးမြို့ ကြီး၏ ပုံရိပ်တစ်ခုလုံး မှေး မှိန်လာပြီး ပြည်သူလူထုမှာလည်း သုံးဘီး အင်အားစုကြီးကို စိုးရွံ့  ထိတ်လန့်  ကာ သုံးဘီးယာဉ်ဂိတ်များရပ်တန့် လေ့ရှိသော မြို့ မဈေးသို့ ဈေးဝယ်ရန် အလို့ ငှာ သွားရလျင်ပင် ကျီးလန့် စာ စားရသည့်အဖြစ်နှင့်ကြုံတွေ့ လာရသည်ကို တွေ့ ရသည်။
ထို့ အတွက် ပြည်နယ်အစိုးရအဖွဲ့ ၏ညွှန်ကြားချက်နှင့်အညီ လားရှိုးခရိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း ရေးကော်မတီက လားရှိုးမြို့ မဈေးပတ်လည် ယာဉ်သွား ယာဉ်လာ ချောမွေ့ စေရေးကို စီမံချက် များ ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ ရာတွင်လည်း အချို့ သော သုံးဘီး ယာဉ်ဂိတ်များက စီမံချက်ပါ သတ်မှတ်ချက်များကို အုပ်စုဖွဲ့ ကန့် ကွက်ခြင်းတို့ ကို ပြုလုပ်ခဲ့ရာ ပဋိပက္ခ အသွင် ဆောင်လာနိုင် သည့် အခြေအနေကြောင့် ထိုစဉ်က ခရိုင်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ က အလျော့
ပေးခဲ့ရပြီး သုံးဘီးဂိတ်ပိုင်ရှင်များ၊ ဂိတ်မှူးများကို မိမိတို့ ဂိတ်အား မိမိတို့ ကိုယ်တိုင်ကြပ်မတ်ကာ မလိုလား အပ်သောပြဿနာများ မဖြစ်စေရေးဆောင်ရွက်ရန် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးအား ရိုက်နှက်ခဲ့သူများမှာ ပြိုင်မြင်း အသင်း မှ သုံးဘီးယာဉ်မောင်းများဖြစ်ကြသော လားရှိုးမြို့ ၊ ရပ်ကွက် (၉)နေသူ သန်းဇော်နှင့် ရပ်ကွက် (၁၀) နေသူ သားငယ် ပါ လူတစ်စုဖြစ်ကြောင်း၊ ရိုက်နှက်ရာတွင် သစ်သားတုတ်နှင့် သံတုတ်များကို အသုံးပြု ခဲ့ကြောင်း၊ သို့ ဖြစ်၍ ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးအား ဒဏ်ရာရရှိအောင် ၀ိုင်းဝန်းရိုက်နှက်သူ များအား အရေးယူ ပေးပါရန် AA Family မကွေး-လားရှိုး အဝေးပြေးကားဂိတ်တာဝန်ခံ ဦးနေ၀င်းမြင့်၊ လား ရှိုးမြို့ ၊ ရပ်ကွက် (၁) နယ်မြေ (၇) အေးချမ်းသာယာ (၃) လမ်း၊ အမှတ် (၅၀၀) နေသူက တိုင်တန်းခဲ့သဖြင့် လားရှိုးမြို့ မရဲစခန်းက (ပ) ၃၃၃/၁၄ ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ ရေးဖွင့်ပြီး ဒုရဲအုပ် စိုင်းကိုကိုမှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
သမန်းကျား | Lashio News Diary




မှတ်ချက်များ