ရှောင်လင်ဘုန်းကြီးတစ်ပါး ကိုယ်ဖော့ပညာသုံးကာ ရေပေါ်ပြေးလွှားပြ
တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်၊ ဖူကျင်းမြို့မှာ ရှောင်လင်ဘုန်းကြီးတစ်ပါးက ရေပေါ်မှာ အရှည် (၁၈၈) မီတာရှိတဲ့ သစ်သားပြားများကို ခင်းထားပြီး ပြေးလမ်းတစ်ခုလုပ်ကာကိုယ်ဖော့ပညာသုံးပြီး ပြေးပြတဲ့
ရှောင်လင်းစွမ်းရည်ပြသမှုကို ရက်ပိုင်းအတွင်းက ပြသသွားတယ်လို့ CCTV သတင်းဌာနက ဖော်ပြထား ပါတယ်။
ရှောင်လင်စွမ်းရည်များထဲမှာ ကိုယ်ဖော့ပညာလို့ခေါ်တဲ့ သိုင်းပညာရပ်ကို ကမ္ဘာမြေဆွဲအားနဲ့ ခန္ဓာကိုယ် ဟန် ချက်ညီညီ ထိန်းချုပ်နိုင်စွမ်းကို လေ့ကျင့်ယူ ရခြင်းဖြစ်ကြောင်း နဲ့ ရှောင်လင် ဘုန်းကြီးဖြစ်သူ Shi Liliang ဟာ ၂၀၀၅ ခုနှစ်ကတည်း စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရပြီးနောက် ယခုမှ လက်
တွေ့ ပြသနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မင်းသုတ | တာချီလိတ်သတင်းဌာန



မှတ်ချက်များ