လိပ်ကျွန်း လူသတ်မှုအရေး ပြည်ထောင်စု လွှတ်တော်ပါဝင်လာ

ထိုင်းနိုင်ငံတောင်ပိုင်း စူရက်ဌာနီခရိုင်က လိပ်ကျွန်း လူသတ်မှုမှာ သံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ လူငယ်နှစ်ဦး တရားမျှတမှုရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ ထံကို သဝဏ်လွှာပေးပို့သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ- လွှတ်တော်
လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးစွပ်စွဲခံထားရတဲ့ မြန်မာလူငယ်
၂ ဦးကို “တရားဥပဒေရှေ့မှောက်မှာ မျှတသောလူသားအခွင့်အရေးရရှိရမည်” ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပေးပို့မယ့် သဝဏ်လွှာမှာပါမယ်လို့ နေပြည်တော် Hluttaw Channel က ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ညီလာခံ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံအမျိုးသားဥပဒေညီလာခံ (National Legislative Assembly) ရဲ့ အရေး ပါတဲ့ အခန်းကဏ္ဍအပေါ် လေးစားကြောင်းနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်
တော် အနေဖြင့်လည်း ဒီအမှုကို အလေးထားစောင့်ကြည့်လေ့နေလျှက်ရှိကြောင်း တို့လည်း သဝဏ်လွှာထဲ မှာ ပါဝင်တာတွေ့ရပါတယ်။

ဧရာဝတီ

မှတ်ချက်များ