လိင်ပြောင်းထားသူတဦး သေဆုံးမှု အမေရိကန်တပ်သားတဦးကို စစ်ဆေး

အသတ်ခံရသူ လောက်ဒီ
ဖိလစ်ပိုင်မှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတယောက်ကို အမေရိကန် ရေတပ်သားတဦးက သတ်
ဖြတ်တယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။

အိုလွန်ဂါပိုမြို့မှာ အသက် ၂၆ နှစ်အရွယ် ဂျက်ဖရေး ဂျင်းနီလောက်ဒီရဲ့ အလောင်းကို ဟိုတယ်ရေချိုးခန်း ထဲမှာ သေဆုံးနေ တာကို ပြီးခဲ့ တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က တွေ့ရတာပါ။

လူသတ်တရားခံဟာ အမေရိကန် ရေတပ်သားတယောက် ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ဆို တာကြောင့် အမေရိကန်ပြည်ထောင်စုကလည်း အမှုကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ အပြည့်အ၀ ပူးပေါင်း
ဆောင်ရွက်သွားမယ်လို့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အသတ်ခံရတဲ့ လောက်ဒီမိသားစုကလည်း အမှုကို တရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

လောက်ဒီရဲ့ ညီမဖြစ်သူက တရားခံကို ဖော်ထုတ်ပေးဖို့၊ နိုင်ငံခြားသားတယောက် ပါဝင် ပတ်သက်နေတဲ့အ မှု ဖြစ်လို့ မျှမျှတတ ဆောင်ရွက်ပေးဖို့နဲ့ အစ်ကိုဖြစ်သူကို ဂေးလ်တယောက် ဖြစ်လို့ မလေးမစား သတ်လိုက် တာလား ဆိုတာကို သိချင်တယ်လို့ ပြောပါတယ်။

ဒီအမှုကြောင့် အမေရိကန် ပစိဖိတ်စစ်တိုင်းကလည်း ဖိလစ်ပိုင်မှာ လေ့ကျင့်ရေးကိစ္စနဲ့ ရောက်နေတဲ့ စစ် သင်္ဘော ၂ စင်းစလုံးကို ဖိလစ်ပိုင်ကနေ မထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။

လူသတ်မှုဖြစ်တဲ့ အိုလွန်ဂါပိုမြို့ဟာ အရင်က အမေရိကန် စစ်အခြေစိုက်စခန်းရှိခဲ့ဖူးတဲ့ ဆူးဘစ်ပင်လယ်
အော်ဒေသမှာ တည်ရှိပြီး ဟော့ရမ်းလွန်းတဲ့ အရက်ဘားတွေကြောင့် ကျော်ကြားပါတယ်။

အမေရိကန်ရေတပ်သားဟာ အသတ်ခံရသူ လောက်ဒီနဲ့ အရက်ဘားတခုမှာ တွေ့ဆုံခဲ့တယ်လို့ ဖိလစ်ပိုင်အ ရာရှိတွေက စွပ်စွဲထားပါတယ်။

အခု အမှုဖြစ်တဲ့အချိန်မှာ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး ဆင်မြူရယ် လော့ခ် ရီယာကလည်း ဖိလစ်ပိုင် မှာ နှစ်ပတ်လည် လုံခြုံရေးအစည်းအဝေးကိစ္စနဲ့ ရောက်နေချိန်ဖြစ်လို့ သင်တန်းကိစ္စနဲ့ ဖိလစ်ပိုင်မှာ ရောက်
နေတဲ့ အမေရိကန် ရေတပ်သင်္ဘော ၂ စင်းကို ဆက်ပြီး ကျောက်ချထားဖို့ အမိန့်ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ ဧပြီလက ၁၀ နှစ် ကြာမယ့် လုံခြုံရေးသဘောတူညီချက် တခုကို ချုပ်ဆိုခဲ့ပြီး တရုတ်နဲ့ ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ ဖိလစ်ပိုင်မှာ အမေရိကန်တပ်တွေ တိုးချထားဖို့ သဘောတူညီ ချက် ရရှိခဲ့ပါတယ်။

အမေရိကန် သင်္ဘောနှစ်စင်းဟာ ပါလ၀န်ကျွန်းအနီးမှာ ဖိလစ်ပိုင်စစ်တပ်နဲ့ အတူ ၁၀ ရက်ကြာ စစ်ရေးလေ့ ကျင့်ဖို့ ရောက်နေပြီး ဆူးဘစ်ကမ်းခြေမှာ ခဏနားပြီး အပန်းဖြေဖို့ ကျောက်ချနေရင်း အခု အမှု ပေါ်ပေါက် တာပါ။

၂၀၀၅ ခုနှစ်တုန်းကလည်း ဆူးဘစ်ကမ်းခြေဒေသမှာပဲ အမေရိကန် ရေတပ်သား တယောက်ဟာ ဖိလစ်ပိုင် အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

အမှုကို အောက်တရားရုံးတခုက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တရားလို အမျိုးသမီးက စွပ်စွဲချက်ကို ပြန်ပြီး ရုပ်သိမ်းလိုက်တဲ့အတွက် အယူခံတရားရုံးက အမှုကို ပြန်ပြီး ပလပ်ခဲ့ပါတယ်။

DVB

မှတ်ချက်များ