နပန်းသမားကြီး The Rock က လီဗာပူးလ် ပရိသတ်လား
'You'll Never Walk Alone' ဆိုတဲ့စာတန်းနဲ့အတူ ဓာတ်ပုံရိုက်ပြီး လူမှုဝက်ဘ်ဆိုက်စာမျက်နှာပေါ်ကို တင်ခဲ့လို့ကမ္ဘာကျော် နပန်းသမား ကြီး The Rock က လီဗာပူးလ် ပရိသတ်လားဆို ပြီးမေးခွန်းထုတ်နေ ကြပါပြီ။
နာမည် အရင်းက ဒရိန်းဂျွန်ဆင် လို့ခေါ်တဲ့ The Rock ကြီးဟာ Fast and the Furious 6ရုပ်ရှင်ကားကို ရိုက်ကူးနေလို့ လီဗာပူးလ်မြို့ ကိုရောက်ရှိနေ တာပါ။ ဒီအချိန်မှာ လီဗာပူးလ် အသင်းရဲ့ သီချင်းလည်းဖြစ် ၊ဆောင်ပုဒ် လို့လည်းပြော လို့ရတဲ့ 'You'll Never Walk Alone' ဆိုတဲ့ စာတန်း နဲ့အတူ ဓာတ်ပုံတွဲ ရိုက်ခဲ့ တာဖြစ်ပါတယ်။
ဒါ့အပြင် The Rock က သူ့ရဲ့ တွစ်တာ စာမျက်နှာပေါ် မှာပါ အဲ့ဒီသီချင်း အကြောင်းနဲ့ ပတ်သက် ပြီးရေး သား ခဲ့ပါသေးတယ်။ ' The Rock က ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်တော် ဆိုလို တာက တစ်ယောက်တည်း မလျှောက်လှမ်း ရဘူးလို့ ဆိုလိုတာပါ။
ဒီသီချင်းကထူးခြားတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဒီသီချင်းကို ၁၉၄၅ခုနှစ်မှာရော်ဂျာနဲ့ဟမ်းမားစတိန်းတို့ ကရေးစပ်သီဆိုခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၀ မှာတော့ လီဗာပူးလ်အသင်းက သူတို့အသင်းရဲ့သီချင်းအဖြစ် အတည်ပြုခဲ့ပါတယ်။ ယနေ့အချိန်အထိဒီသီချင်းက မယုံကြည်နိုင်စရာကောင်းလောက်အောင်ရှေ့ ဆက်နေ ဆဲပါ။ ထုထည်ကြီးမားတဲ့ ကွင်းကြီးထဲမှာ တစ်ကွင်းလုံးက ဒီသီချင်းကို သီဆိုနေတာ ခင်ဗျား မြင်ရ၊ တွေ့ ရပါလိမ့်မယ်' ဟု တွစ်တာ တွင်ရေးသား ခဲ့သည်။
ဒီလိုရေးသားခဲ့ပေမယ့် မန်ယူကလီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ အနိုင်ရသွားတဲ့ပွဲမှာThe Rock ကဘယ် အသင်းကို အားပေးခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင် ခဲ့ပါဘူး။ တွစ်တာမှာ တင်ထားခဲ့တဲ့ ဓာတ်ပုံနဲ့ စာတွေအရ ဆိုရင်တော့ အဲ့ဒီပွဲရလဒ်က The Rock ကို စိတ်ဓာတ် ကျသွားစေ မှာသေချာပါတယ်။
အောင်ငြိမ်းသွေး - Mizzima

မှတ်ချက်များ