ကိုယ်ဝန်ဆောင်နေမှန်းသိပြီးလို့ နာရီပိုင်းအတွင်း သမီးလေးမွေးဖွားတဲ့ အမျိုးသမီး
ဝမ်းဗိုက်နာကျင်ကိုက်ခဲမှု ဝေဒနာခံစားနေရလို့ Kim Walsh ဆရာဝန်ဆီသွားပြရာကနေ ဆရာဝန်က သူမ ကိုယ်ဝန်ဆောင်နေတာဖြစ်ကြောင်း ပြောပြလို့ သူမအံ့သြသွားခဲ့ပါတယ်။ သူမကိုယ်သူမ ကိုယ်ဝန်ဆောင်နေ မှန်း မသိခဲ့တာကြောင့် သူမဟာ အလုပ်ကြမ်းတွေလုပ်နေခဲ့တယ်လို့ လည်းဆိုပါတယ်။
အဲဒီအသက် ၃၈ နှစ်အရွယ်အမျိုးသမီးက သန္ဓအောင်ခြင်း၊ အဝလွန်ခြင်း၊ ပုံမမှန်ဖြစ်ခြင်း သို့မဟုတ် သူ့အ ချိန်အခါသတ်မှတ်ချက်မရှိမှုတွေ ဖြစ်ပေါ်တဲ့ ဟော်မုန်း မညီမျှမှုတစ်ရပ်ဖြစ်စေတဲ့ သားအိမ်ရောဂါ တစ်မျိုးကို ခံစားနေရပါတယ်။ ဘယ်လိုမှမျှော်လင့်မထားဘဲရလာတဲ့ သမီးကြောင့် မိခင်၊ ဖခင်ဘဝ အဖြစ်သို့ ရောက် သွားကြတဲ့ Walsh နဲ့ ၁၅ နှစ်တိုင်တိုင်ပေါင်းဖက်ခဲ့တဲ့ သူမရဲ့ ခင်ပွန်း Anthony တို့နှစ်ဦး အလွန်ပျော်ရွှင်ခဲ့ကြ တယ်လို့ Sydney Morning Herald မှ အစီရင်ခံဖော်ပြထားပါတယ်။
ကျွန်မရဲ့ ယောက်ျားကို အပြင်မှာ စောင့်ခိုင်းထားခဲ့တယ်လို့ Walsh ကပြောပြပါတယ်။ ဒီနေ့ နင် ဖခင်တစ်ဦး
ဖြစ်ရတော့မယ်လို့ ကျွန်မသူကို ပြောပြခဲ့တယ်။ သမီးလေး Shelby မှာ သူမရဲ့လည်ပင်းတစ်ဝိုက်မှာ ရစ်ခွေ
နေတဲ့ ချက်ကြိုးကြောင့် သန္ဓပိုင်းဆိုင်ရာမှာ အခက်ခဲပြဿသနာရှိခဲ့ပြီး ကလေးမအား မွေးဖွားပေးဖို့ ဆေးရုံ ဝန်ထမ်းအဖွဲ့သားအားလုံး အလုပ်တွေရှုပ်နေခဲ့ရတယ်လို့ MSN9 သတင်းမှာ ဖော်ပြထားပါတယ်။ ယခုအချိန်မှာတော့ Shelby ဟာ ၂ လအရွယ်ရောက်နေပါပြီ။
ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်စကားပြောဆိုဖို့ Walsh တို့မိသားစု ဆေးရုံ သို့ အလည်အပတ် သွားရောက်တဲ့အခါမှာ Kim Walsh က Shelby ကို ပွေ့ချီနေတဲ့ ဆရာဝန်တစ်ဦးရဲ့ ဓာတ် ပုံတစ်ပုံကို ပိုစတာတင်လိုက်ပြီး သူ့မအသက်နဲ့ သူသမီးလေးအသက် ကယ်တင်ရှင်အဖြစ် ဖော်ပြခဲ့တယ်။
Trend Myanmar

မှတ်ချက်များ