ဆင့်မကြီး မိုမိုရဲ့ ၆၁နှစ်ပြည့် မွေးနေ့ပွဲ ရန်ကုန်မှာ စည်စည်ကားကား ကျင်းပ


နေပြည်တော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဒေသခံ အများအပြား လွန်ခဲ့သောနှစ်တွေအတွင်း ပြောင်း
ရွှေ့သွားခဲ့ရပေမယ့် နာမည်ကျော် ဆင်မကြီး မိုမို ပါမသွားပါဘူး။

တနင်္ဂနွေနေ့မှာတော့ သူ့ရဲ့ ၆၁နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်မှာ ပြုလုပ်ရာမှာ တိရစ္ဆာန်ဥယျာဉ်လာရောက် လည်ပတ်သူ အများအပြားနဲ့အတူ ကျင်းပကြပါတယ်။

မွေးနေ့ကိတ် သဘောမျိုး ဖရဲ၊ သင်္ဘော၊ ငှက်ပျော၊ ကြံ၊ မုန်ညှင်းဖြူ၊ မုန်လာဥနီ၊ ပြောင်းဖူး အစရှိတဲ့ အသီး အနှံတွေ တပုံတပင် စီစဉ်ပေးရာမှာမွေးနေ့ရှင်နဲ့ တရပ်ကွက်တည်းရှိနေတဲ့ တခြားဆင်တွေပါ ၀ိုင်းဖွဲ့သုံး
ဆောင်ကြတာကို  တွေ့ရပါလိမ့်မယ်။ မွေးနေ့ရှင်ကို အစွမ်းကုန် ပြင်ဆင် ခြယ်သပေးထားတာပါ။


မနှစ်ကလည်း သူ့အတွက် မွေးနေ့ပွဲကို အခုလိုပဲ ကျင်းပပေးခဲ့ဖူးပါတယ်။ ဆင်မလေးရဲ့မူလဌာနေက ကယားပြည်နယ်ဖြစ်ဖွယ်ရှိပါတယ်။

၁၉၆၁ မှာ လွိုင်ကော်မြို့က အလှူရှင်တယောက်က သူ့ကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပေးပို့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ဒီတော့ မိုမို ရန်ကုန်ရောက်တာ ၅၃ နှစ် ရှိပြီပေါ့။

တိရစ္ဆာန်ရုံဆိုတာ ရန်ကုန်မှာနေသူတွေ၊ ရန်ကုန်ကို လာရောက် လည်ပတ်သူတွေ အများအပြား အလည် အပတ် ရောက်ရှိတတ်တဲ့အရပ်ပါ။မိုမိုက ဒီမှာ အထင်ကရအဖြစ်ဆုံး တိရစ္ဆာန်ဖြစ်ပါလိမ့်မယ်။

ဒီအနေအထားကို သူက နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့သူပါပဲ။ရုံးပိတ်ရက်များမှာ လေ့ကျင့်ထားတဲ့ တိရစ္ဆာန်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု ရှိတတ်တဲ့အတွက် မိုမိုရဲ့ အကအလှကို ကံကောင်းသူ အများအပြား
မြင်ဖူးခဲ့ကြမှာပါ။

လူတွေလိုပဲ ဆင်တွေလည်း အသက်အရွယ်မရွေး သေဆုံးနိုင်ပါတယ်။ ဘယ်လောက်ကြာကြာအသက်ရှည် သလဲ ဆိုတာ အွန်လိုင်းမှာ ရှာကြည့်တော့ ဆင်တကောင်ဟာ အန္တရာယ်မကျရောက်ဘူး၊ အစားအသောက် မမှားဘူး၊ ပင်ပင်ပန်းပန်း မလုပ်ကိုင်ရဘူး ဆိုရင် အသက် ၆၀ ကနေ ၇၀ အထိ အသက်ရှည်ပါတယ် တဲ့။





(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

မှတ်ချက်များ