ဦးဆန်းဆင့်ကို ဘာတွေနဲ့ စွပ်စွဲခဲ့သလဲ
သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိခ ရိုင် တရားရုံးက ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံမှုကို ဖေါက်ဖျက်မှု(ငွေကြေး အလွဲ သုံးစားမှု) နဲ့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ပြစ် ဏ်ချမှတ်ခဲ့ပါတယ်။ (၃)လ လောက် ရုံးတင်စစ်ဆေးပြီး အခုလို စီရင်ချက်ချခဲ့တာပါ။
နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တဲ့ စွပ်စွဲချက်တွေထဲမှာ တရုတ်နိုင်ငံမှာ ရွှေတိဂုံစေတီတော် ပုံတူ စေတီတဆူတည်တာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုအတွင်း အခုအစိုးရက အတု၊ နောက်တက် လာမယ့် အစိုးရကသာလျှင် အစစ်ဖြစ်တယ်လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် လည်း တခုအပါအဝင် ဖြစ်တယ်လို့ ဦးဆန်းဆင့်ဘက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ
ကြီး ဦးတင်ထွန်းက ပြောပါတယ်။
နောက်တခါ သံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးမှာ သမ္မတနဲ့ ဒု သမ္မတ တို့ မတက်ရောက်ဘူး ဆိုတဲ့ ခေါင်း စီးနဲ့ သံတော်ဆင့် ဂျာနယ်မှာ မျက်နှာဖုံး သတင်းဖေါ်ပြတဲ့ အပေါ် ဦးဆန်းဆင့်က ညစာစားပွဲတခုမှာ ပြော
ကြားခဲ့တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ပြောဆိုခဲ့တာတွေ မရှိဘူးဆိုတာကို သူတို့ဘက်က သက်သေပြနိုင်ခဲ့တယ်လို့ ရှေ့နေကြီး ဦးတင်ထွန်း က ပြောပါတယ်။
ဦးဆန်းဆင့်အပေါ် မဟာသန္တိ သုခကျောင်း ပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု စွပ် စွဲချက်ဟာ ဦးဆန်းဆင့်နဲ့ပတ်သက်မှုမရှိပဲ ဂျာနယ်တွေနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။
သံတော်ဆင့်ဂျာနယ် မျက်နှာဖုံးမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ဘက်က မရပ်တည်ဘူးဆိုတဲ့ ခေါင်းစီးနဲ့ ဖေါ်ပြချိန်မှာပဲ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ အပေါ် ဝေဖန် ပြော
ကြားမှုတွေ ရှိလာတဲ့ အပေါ် အဖြစ်မှန်ကို ဦးဆန်းဆင့်ရဲ့ တိုက်တွန်းချက်နဲ့ ရေးသားတဲ့ ဆောင်းပါးရှင် ဦးဓမ္မရဲ့ ဆောင်းပါး အတွင်းမှာပါလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီ ဆောင်းပါးကို တိုင်းနဲ့ပြည်နယ်က သာသနာရေး ဦးစီးမှုးတွေ သိစေလိုတဲ့ အတွက် ဦးဆန်းဆင့်က အဲဒီ ဂျာနယ်ကို ပေးပို့ခဲ့တာကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတဲ့ ခေါင်းစီးပါ ဂျာနယ်ကို ဖြန့်ဝေတယ် ဆိုပြီး စွပ်စွဲခဲ့တာလို့ ပြောပါတယ်။
ဦးဆန်းဆင့်ဟာ သံတော်ဆင့်ဂျာနယ်နဲ့ ပတ်သက်မှုမရှိပဲ ပုဂ္ဂိုလ်ရေးအရ သတင်းဆောင်းပါးတွေ ထည့်ပေး တာသာ ဖြစ်တယ်လို့ ရှေ့နေကြီက ဆိုပါတယ်။
သူတို့အနေနဲ့ လာမယ့် သီတင်းပတ်မျာ အယူခံဝင်နိုင်အောင် ပြင်ဆင်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ
ကြီး ဦးတင်ထွန်းက ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ