၆ပွင့်ဆိုင် တွေ့ဆုံမှု အချိန်မီလုပ်ဖို့ ကြံ့ခိုင်ရေးအဆို လွှတ်တော်အတည်ပြုပြီ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၆ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဦးမြင့်ထွန်းက နိုဝင်ဘာ ၂၅ရက်နေ့မှာ ပြည်ထောင်စုလွှတ်
တော်ကို အရေးကြီးအဆို တင်သွင်းခဲ့တဲ့အပေါ် အတည်ပြုလိုက်ပါတယ်။ ၆ပွင့်ဆိုင်မှာ ဘယ်သူတွေ ပါဝင် မှာလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်
တော် နဲ့အမျိုးသားလွှတ်တော်ဥက္ကဌ ၂ဦးဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်
ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက် ပါဝင်မယ့် ၆ပွင့်ဆိုင် ဆွေးနွေးရေး အချိန်မီပြုလုပ်ဖို့ ပဲခူးတိုင်း အမှတ် ၁ဝ က လွှတ်တော်အမတ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ပါ တယ်။
၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အချိန်မီ ပြုလုပ်ဖို့ တင်သွင်းလာတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်
တော်က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၄ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတဲ့ကိစ္စကို သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တရားဝင် ငြင်းဆိုပြီး ရက်ပိုင်းအတွင်း ၆ပွင့်ဆိုင် တွေ့ဆုံဖို့ အဆိုတင်သွင်းလာတာဖြစ် ပါတယ်။
နိုဝင်ဘာ ၁၃ရက်ကစတင်ပြီး နိုဝင်ဘာ ၂၅ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော်မှာ နေ့စဉ် ဖွဲ့စည်းပုံ
ပြင်ဆင်ရေး သုံးသပ်မှုကော်မတီရဲ့အစီရင်ခံစာကို ဆွေးနွေးခဲ့ပြီး ၅ပွင့်ဆိုင်တွေ့ဆုံဖို့ တိုင်းရင်းသားနိုင်ငံရေး ပါ တီတွေက တင်ပြခဲ့အပြီးမှာ အာဏာရပါတီရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံမှုကို တောင်းဆိုတဲ့ တင်ပြချက် ပေါ် ထွက်လာခဲ့ပါတယ်။
မူလက ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ဗိုလ်ချုပ် မှူးကြီး မင်းအောင်တို့နဲ့ ၄ပွင့်ဆိုင်ဟာ ကျဉ်းမြောင်းလွန်းတယ်လို့ သမ္မတနဲ့ မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တုံ့ပြန်ခဲ့ပြီး အောက်တိုဘာ ၃၁ရက်နေ့မှာတော့ ၁၄ဦးပါဝင်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ