လုပ်အားခ အငြင်းပွားမှုဖြင့် အိန္ဒိယလက်ဖက်ခြံအလုပ်သမားများ ပိုင်ရှင်ကို သတ်ဖြတ်ခဲ့

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း လက်ဖက်ခြံတစ်ခုရဲ့ အလုပ်သမားတွေဟာ လုပ်အားခနဲ့ပတ်သက်ပြီး အငြင်းပွား
ဆွေးနွေးနေစဉ် ပိုင်ရှင်သဌေးကို သတ်ဖြတ်ခဲ့ကြပါတယ်။

စနေနေ့က ဆွေးနွေးမှုတွေပြုလုပ်နေစဉ် West Bengal က Sonali လက်ဖက်ခြံပိုင်ရှင်ကို အပြင်သို့ ဒရွတ် တိုက် ဆွဲထုတ်ခံခဲ့ရတာဖြစ်တယ်။ လူအုပ်ကြီးမှ ရိုက်နက်ခြင်း၊ တုတ်ချွန်တွေနဲ့ အကြိမ်ကြိမ် ထိုးခြင်းခံပြီး တဲ့နောက် သေသွားခဲ့တယ်။ ၂ လ၊ ၃ လစာ လုပ်အားခ မရရှိကြတဲ့ အလုပ်သမားတွေကို Rajesh Agarwal က စိတ်ချမ်းသမှုရအောင် လုပ်ပေးခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၅) ယောက် ဖမ်းဆီးခံကြတယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ လက်ဖက်စိုင်ခင်းတွေက အလုပ်သမားအမြောက်အများဟာ အာဟာရချို့တဲ့ပြီး လုပ်အားခ အနည်းငယ်သာ ရရှိကြပါတယ်။

မကြာသေးမီနှစ်တွေမှာလည်း အလုပ်သမားတွေဟာ လက်ဖက်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲလုပ်ဆောင်သူတွေ ကို တိုက်ခိုက်တဲ့ အဖြစ်အပျက် တချို့ကိုလည်း ရှိခဲ့ပါတယ်။

၂၀၁၂ နှစ်မှာ လက်ဖက်စိုက်ခင်း ပိုင်ရှင်တစ်ဦးနဲ့ သူ့ဇနီးတို့မှာလည်း အိမ်နီးနားချင်းပြည်နယ်ဖြစ်တဲ့ Assam မှာ မီးရှို့သတ်သေခြင်းခံခဲ့ရပါသေးတယ်။

တရုတ်ပြီးရင် အိန္ဒိယနိုင်ငံဟာ ဒုတိယ လက်ဖက်အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။

BBC

မှတ်ချက်များ