ကလေးငယ်များ ကျွန်ပြုခံရမှု တိုက်ဖျက်ပေးရန် အိန္ဒိယနိုဘယ်လ်ဆုရှင် တောင်းဆို

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ခိုင်လတ် ဆတ်ယာသီကို ကလေးငယ်များနှင့် တွေ့ရစဉ်
ကလေးငယ်တွေ ကျွန်ပြုခံရမှုကို တိုက်ဖျက်ပေးဖို့ အိန္ဒိယ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ခိုင်လတ် ဆတ်ယာ သီက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

နယူးဒေလီမြို့ ဖယောင်တိုင်ထွန်း ဆုတောင်းပွဲမှာ သူက အခုလို တိုက်တွန်းလိုက်တာပါ။

အသက် ၆၀ အရွယ် ဆတ်ယာသီဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ကလေးသူငယ် ကူညီစောင့်ရှောက်
ရေးအန်ဂျီအို ဘီဘီအေ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သူ့အဖွဲ့ဟာ ကျွန်ပြုခံထားရတဲ့ ကလေးငယ် ၈ သောင်းကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ဘီဘီအေအဖွဲ့ဟာ တခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကလေးငယ်တွေ ကျွန်ပြုခံရမှု အဆုံးသတ်စေရေး လှုပ်ရှား မှုအဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လှုပ်ရှားမှုတွေကို ပြုလုပ်နေပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ နယူးဒေလီက ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲမှာ ကလေးငယ်တွေလည်း ပါဝင်ကြ ပါတယ်။

ကလေးငယ်တွေ ကျွန်ပြုခံရမှုကို အဆုံးသတ်နိုင်မယ့် အစီအစဉ်တွေကို ကုလသမဂ္ဂအနေနဲ့ တတိကျကျ သတ်မှတ်ပေးဖို့၊ ၂၀၁၅ အလွန် ဆွေးနွေးမယ့် ကိစ္စတွေမှာ ဦးစားပေး အနေနဲ့ ထည့်သွင်းဖို့ ဆတ်သီယာသီ က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ကမ္ဘာမှာ ကျွန်ပြုခံရသူ ၃၆ သန်း ရှိနေပြီး၊ အဲဒီအထဲမှာ ကလေးငယ် ၅ ဒသမ ၅ သန်း ရှိနေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ ဆတ်တီယာသီက ပြောပါတယ်။

ဆတ်သီယာသီဟာ အိန္ဒိယမှာ ကလေးငယ်တွေ ကျွန်ပြုခံရမှုကို အဆုံးသတ်ဖို့ ဆောင်ရွက်မှုအတွက် ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပါကစ္စတန်က မိန်းကလေး ပညာရေးအတွက် လှုပ်ရှားဆောင်ရွက်သူ မာလာလာနဲ့ ပူးတွဲရရှိခဲ့ပါတယ်။

DVB



မှတ်ချက်များ