နော်ဝေးဘုရင်၏ ပထမဆုံးခရီးစဉ်တွင် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းပြောမည်

မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ် လာရောက်မည့် နော် ဝေးဘုရင် ဟာရေးနှင့် မိဖုရားတို့ သည် နိုဝင်ဘာ ၃၀ ရက်တွင် တ ရားဝင် ချစ်ကြည်ရေးခရီးလာ ရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နော်ဝေးဘုရင်မှာ ရန် ကုန် တက္က သိုလ်၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

နော်ဝေးဘုရင် ဟာရေးနှင့် ၎င်း၏ မိဖုရားတို့မှာ သမ္မတဦး သိန်းစိန်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော် တွင် သမ္မတဦးသိန်း စိန်နှင့် အစိုးရ အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ ဆုံခြင်း၊ ပုဂံညောင်ဦးသို့ သွား ရောက်ခြင်း၊ ရန်ကုန်တက္က သိုလ် တွင် မိန့်ခွန်းပြောကြားခြင်းတို့ ပြု လုပ်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ချုပ်က အတည်ပြုပြောကြား သည်။

‘‘ခရီးစဉ်အတွင်းမှာ အမျိုး သားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနနဲ့လည်း နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ နော်ဝေးဘုရင်နဲ့ မိဖုရားအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအပါ အ၀င် ၀န်ကြီးသုံးလေးဦးခန့် ပါလာမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် မှာလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါ တယ်’’ ဟု ၎င်းက ပြောသည်။

ခရီးစဉ်အတွင်း နှစ်ဖက်ညှိ နှိုင်းမှုများအရ ထပ်မံသဘောတူ နိုင်သည့် နားလည်မှုစာချွန်လွှာ များလည်း ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် အ မေရိကန်သမ္မတ အိုဘားမားနှင့် မွန်ဂိုလီးယားသမ္မတတို့ မိန့်ခွန်း ပြောကြားဖူးပြီး ယခု နော်ဝေးဘုရင်မှာ တတိယမြောက် မိန့်ခွန်း ပြောကြားသူ ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

နော်ဝေးနိုင်ငံသည် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပံ့ပိုးကူညီမှုများ ရှိထားပြီး အင်းလေးကန် ကို ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ် စာရင်း တင်သွင်း နိုင်ရန် ကန်ဒေါ်လာ တစ်သိန်း ကျော် ထောက်ပံ့ပေး မည်ဟု ကြေ ညာထားသည်။ ထို့ပြင် မကြာမီက ပြီးစီးသွားခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက် ယူမှုတွင် လည်း နော်ဝေးက ဆွစ်ဇာလန်အစိုးရနှင့်ပေါင်း၍ ကန်ဒေါ်လာ ၁၈ သန်း ကူညီထားသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် သည် ပြီးခဲ့သည့်နှစ်က နော်ဝေး နိုင်ငံသို့ အလည်အပတ်သွား ရောက်ပြီး မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် နိုင်ငံ့ရေးရာတို့ကို နော်ဝေးဘုရင်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသို့ ဗြိတိသျှကိုလိုနီလက်အောက်ရှိစဉ် ဝေလမင်းသား လာရောက်ခဲ့ဖူးပြီးနောက် ယခုအစိုးရသစ် လက်ထက်တွင် ဘရူနိုင်းဘုရင် ဆူလတန်နှင့် မိဖုရားတို့ လာရောက်ခဲ့သည်။

ယခုလာရောက်မည့် နော်ဝေးဘုရင်နှင့် မိဖုရားတို့မှာ ၎င်းတို့ပြီးနောက် သက်ဦးဆံပိုင်ဘုရင်တစ်ဦး၏ မြန် မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။

အေးသူစံ | 7day

မှတ်ချက်များ