ပထမဦးဆုံးအနေနဲ့ အီတလီအမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးဟာ Italian Space Agency ရဲ့ အချိန်ကြာ ဒုတိယမြောက် အာကာသခရီးစဉ်ကို တနင်္လာနေ့မှာ စတင်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
Italian Air Force လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ Samantha Cristoforetti ဟာ ၂၀၁၅ မေလ မတိုင်မီ အထူး ရည်ရွယ်ချက်ဖြင့်သွားရတဲ့ ခရီးစဉ် ၄၂ နဲ့ ၄၃ အတွက် လေယာဉ်အင်ဂျင်နီယာတစ်ဦးအဖြစ် လိုက်ပါသွား မှာဖြစ်တယ်။ သူမဟာ ဒေသစံတော်ချိန် ၃ နာရီ ၁ မိနစ်တိတိအချိန်မှာ Kazakhstan က Baikonur Cosmodrome အာကာသလေယာဉ်စခန်းမှတဆင့် မြေပြင်ကနေ ထွက်ခွာသွားမှာဖြစ်ပါတယ်။
Milan မှာ ၁၉၇၇ ခုနှစ်က မွေးဖွားခဲ့တဲ့ Cristoforetti ဟာ ဂျာမနီနိုင်ငံ Technische Universitat Munich တက္ကသိုလ်မှာ အာကာသသို့ တွန်းတင်ခြင်းနဲ့ အလေးချိန်နည်းပါးအောင် တည်ဆောက်မှုပိုင်းဆိုင်ရာ အ ထူးပြုပညာရပ်တွေနဲ့ ပတ်သက်ပြီး စက်မှုအင်ဂျင်နီယာ ပညာရပ်နဲ့ မဟာဘွဲ့ရရှိထားသူဖြစ်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့က Mendeleev University of Chemical Technologies မှာလည်း (၁၀) လကြာ သုတေသနလုပ်နေစဉ်အတွင်း solid rocket propellants လို့ခေါ်တဲ့ သူ့မရဲ့ မဟာဘွဲ့အတွက် Thesis
ရေးသားခဲ့တယ်။
Trend Myanmar

မှတ်ချက်များ