နိုင်ဂျီးရီးယားနိုင်ငံမှာ ဘိုကိုဟာရမ်လို့ ခေါ်တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေက ငါးအရောင်း အဝယ်လုပ်သူ
လူယောက် ၅၀ နီးပါး ကို သတ်ပစ်လိုက်ပါတယ်။
တချို့လူတွေကို လည်လှီး သတ်ဖြတ်ခဲ့ တာဖြစ်ပြီး တချို့လူတွေကိုတော့ လက်နဲ့ ခြေထောက်ကို ကြိုးတွေ နဲ့ တုတ်နှောင်ပြီး ရေထဲ ပစ်ချခဲ့ကြတယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားလေ့ရှိတဲ့ ဘော်နိုပြည်နယ်မှာ သတ်ဖြစ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ချက်နိုင်ငံကို သွားပြီး ငါးတွေ ဝယ်ဖို့ သွားလာသူ လူပေါင်း ၄၈ ယောက်ကို ဘိုကိုဟာရမ်အဖွဲ့က တားဆီး ပြီး အသံတိတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအနီးနားမှာ ချက်နိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံနဲ့ နီဂျဲနိုင်ငံ စစ်သားတွေ ရှိနေတဲ့အတွက် သေနတ်တွေမသုံး ပဲ ဓားတွေနဲ့ လည်လှီးသတ်ဖြတ်ခဲ့တာ ဖြစ်သလို ကြိုးတွေနဲ့ တုတ်နှောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အဲဒီဒေသမှာ ဘိုကိုဟာရမ်အဖွဲ့က တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့အတွက် အိုးအိမ်တွေအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
သြဂုတ်လတုန်းကတော့ လူ ၉၇ ယောက်ကို ဖမ်းဆီးပြီး ၂၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။
တခြားလူတွေကိုတော့ ကန်ထဲကို ပစ်ချခဲ့ပေမယ့် ချက်နိုင်ငံ စစ်သားတွေက လူပေါင်း ၈၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဧပြီလတုန်းကလည်း ကျောင်းသူအယောက်ပေါင်း ၂၇၆ ယောက်ကို ပြန်ပေးဆွဲထားပြီး အယောက်ပေါင်း ၅၀ လောက်သာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
ကျန်တဲ့ ကျောင်းသူတွေကို လွတ်ပေးဖို့ ဘိုကိုဟာရမ်အဖွဲ့နဲ့ နိုင်ဂျီးရီးယား အစိုးရတို့ ဆွေးနွေးနေ ဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
ABC Radio Australia

မှတ်ချက်များ