တစ်စုံတစ်ယောက်ကို စိတ်ဝင်စားနေတယ်ဆိုတာ နှုတ်ကဖွင့်ဟစရာမလိုပဲ သူသိသွားစေမယ့် အချက်များ
ကိုယ်က မိန်းမသားမို့ ကိုယ့်ဘက်က ကြိုက်နေတယ်၊ စိတ်ဝင်စားနေတယ်ဆိုတာကို ဖွင့်ဟဖို့မလွယ်ကူဘူး လို့ ထင်နေတဲ့သူတွေအတွက် ဒီလုပ်ဆောင်ချက်တွေက နှုတ်ကဖွင့်ဟစရာမလိုပဲ တစ်ဖက်လူသိသွားမှာမို့ တစ်ချက်ဖတ်ကြည့်လိုက်ပါဦး
၁။သူနဲ့စကားပြောတဲ့အခါ သူ့မျက်နှာ၊ ဆံပင် ၊ လက်မောင်း တစ်ခုခုကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် တို့ထိပေးရင်း ပြောဆိုပါ။
၂။သူ ပြောတဲ့ဟာသကို စိတ်ပါဝင်စားစွာ နားထောင်ပေးပြီး ရယ်မောပါ။
၃။မျက်လုံးချင်းဆုံအောင် မကြာခဏ ကြည့်ပေးပါ။ လိုက်စိုက်ကြည့်နေတာမျိုး မဟုတ်ပဲ ဖျတ်ခနဲ အကြည့်ချင်းဆုံနိုင်အောင် ကြိုးစားပါ။
၎။စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ နာမည်ကို မကြာခဏထည့်ပြောပေးပါ။ (သူကလည်း ကိုယ့်ကိုစိတ်ဝင် စားနေတာဆိုရင်တော့ ဒီလို သူ့နာမည်ထပ်ခါထပ်ခါ ထည့်ပြောတာမျိုး သဘောကျမှာပါ)။
၅။သူတို့ရည်းစားဟောင်းအကြောင့် ကိုယ်နဲ့ပြောဖြတ်တဲ့အခါ သူ့ဖက်က မှန်တယ်အကြောင်း အားပေးပြော ဆိုပါ။
၆။အီးမေးလ်ပို့တာ၊ sms ပို့တာတွေလုပ်ပြီး တစ်စုံတစ်ရာကို မြင်လိုက်လို့ သူ့ကိုသတိရသွားတဲ့အကြောင်း သူ့ကိုပြောပါ။
၇။သူ့အတွက် သီးသန့်နာမည် nickname လေးတစ်ခု စဉ်းစားပြီး သူ့ကိုခေါ်ပါ။
၈။သူနဲ့ပိုရင်းနှီးစေဖို့ အကူအညီတစ်ခုခုတောင်းခံကြည့်ပါ။
၉ကိုယ့်စိတ်ကြိုက်သီချင်းတွေ ပေးနားထောင်တာမျိုးလုပ်ပါ။
၁၀။ကော်ဖီဆိုင်၊ အအေးဆိုင်ထိုင်တဲ့အခါ ပထမတစ်ကြိမ် သူနဲ့တွေ့တုန်းက သောက်တဲ့အရာကို မှတ် ထားပြီး မှာပေးလိုက်ပါ။
၁၁။သူကြိုက်တဲ့ ဖက်ရှင်စတိုင်၊ ဖိနပ်၊ အင်္ကျံစတာတွေကို သူနဲ့တွေ့တိုင်း မကြာခဏ ဆင်မြန်းပါ။
၁၂။sms မကြာခဏ ပို့ပါ။ သူပို့တဲ့အခါ ချက်ချင်းဆိုသလို ပြန်ပို့လိုက်ပါ။
၁၃။သူပြောထားဖူးတဲ့ အကြောင်းအရာတွေကို ကိုယ်မှတ်မိနေကြောင်း အခွင့်အရေးရတာနဲ့ သက်သေပြပါ။
၁၄။ကိစ္စရပ်တစ်ခုခုအတွက် သူ့ဆီက အကြံတောင်းတာမျိုးလုပ်ပါ။
၁၅။Facebook မှာ သင်ပို့စ်လုပ်ထားတဲ့ အရာတွေကို Like လုပ်ပါ။ အားလုံးမဟုတ်ပါဘူး။ သုံးပုံနှစ် ပုံလောက်လုပ်ပြီး သင်ဖတ်ပြီးတဲ့အကြောင်း သူသိပါစေ။
၁၆။သူ့မွေးနေ့ကို မှတ်မှတ်ရရရှိပြီး ထူးခြားတဲ့ လက်ဆောင်ပေးနိုင်ဖို့ စဉ်းစားပါ။
၁၇။သူကြိုက်တဲ့ ဂီတ၀ိုင်း၊ ရုပ်ရှင်ဇာတ်ကားအကြောင်း သတင်းသစ်ထွက်တာမျိုး ၊ သီချင်းသစ်တင်တာ မျိုးတွေမှာ သူ့ကို mention လုပ်ခေါ်ပြီး အသိပေးပါ။
၁၈။ရာသီအလိုက် ပိုအေးတဲ့အခါ၊ ပိုပူတဲ့အခါ ဂရုစိုက်ဖို့ သူ့ကို သတိပေးပါ။
၁၉။သူ့သူငယ်ချင်းတွေနဲ့လည်း ကိုယ်ခင်မင်နေပါစေ။
၂၀။ခွဲခွာခါနီးတိုင်း ခွဲရတော့မယ်ဆိုတဲ့ ၀မ်းနည်းတဲ့ အကြည့်မျိုးကြည့်ပြီး နှုတ်ဆက်ပါ။
Trend Myanmar

မှတ်ချက်များ