လာမည့် ၁၂ လအတွင်း ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကောင်းမွန်နေမည်ဟု မျှော်မှန်း
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နေထိုင်မှု အဆင့်အတန်း မြင့်တက်လာခြင်း၊ ခရီးသွားလာမှုကဏ္ဍ ဖွံ့ဖြိုးလာခြင်း၊
ပြည်တွင်း အသားတင်ထုတ်ကုန် တန်ဖိုးမြင့်တက်လာခြင်းတို့သည် လာမည့်လများအတွက် အိမ်ခြံမြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရန် ထိပ်ဆုံးသက်ရောက်မှုများ ဖြစ်သည်ဟု ၎င်းတို့က သုံးသပ် ထားသည်။
အိမ်ခြံမြေငှားရမ်းသူများ၏ ၉၀ ရာခိုင် နှုန်းသည် လာမည့် ၁၀ နှစ်အတွင်း အိမ်တစ်လုံးဝယ်ယူနိုင်ရန် မျှော် လင့်နေသည်ဟု ၎င်းအွန်လိုင်း အိမ်ခြံမြေ ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်အပေါ် မူတည်ကာ စစ်တမ်း
ကောက်ယူထားသည့်အချက်အလက်များ တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ငှားရမ်းသူ ၆၆ ရာခိုင် နှုန်းသည် အိမ်ဝယ်ယူရန် ငွေကြေးစုဆောင်း လျက်ရှိပြီး ရန်ကုန် အွန်လိုင်းအိမ်ခြံမြေရှာ ဖွေသူများတွင် ငှားရမ်းရန်ထက် ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားလာနေကြခြင်းဖြစ်သည်။ အိမ်ခြံမြေ၀ယ်ယူမှုနှင့် ငှားရမ်းမှုကို နှိုင်း ယှဉ်ပါက ၀ယ်ယူမှုမှာ ၇၀ ရာခိုင်နှုန်းရှိပြီး ငှားရမ်းမှုမှာ ၃၀ ရာခိုင်နှုန်းသာ ရှိနေသည် ဟု သုံးသပ်ထားသည်။
ရန်ကုန်မြို့တွင် မရမ်းကုန်း၊ ကမာရွတ်၊ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ လှိုင်၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ မြောက် ဒဂုံ၊တာမွေနှင့် ရန်ကင်းမြို့နယ်များသည် လူကြိုက်အများဆုံး ထိပ်ဆုံးနေရာများဖြစ်နေသည်ဟု သုံး သပ်သည်။
House.com.mm ၏ မြန်မာနိုင်ငံရုံး မန်နေဂျာ Jan Sommerfeld က “အဓိက လူအများ ကြိုက်နှစ်သက် တာက အင်းလျားကန် ပတ်လည် နေရာတွေမှာ လူအများတတ် နိုင်တဲ့အိမ်ရာတွေကို ဈေးကွက်က တောင်း ဆိုနေပါပြီ” ဟု ပြောသည်။
House.com.mm သည် နိုင်ငံတကာအွန်လိုင်းအိမ်ခြံမြေရောင်းဝယ်ရေး Lumudi နှင့် ဂျာမနီနိုင်ငံမှ Rocket Internet ကုမ္ပဏီတို့ လက်အောက်မှ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ အွန်လိုင်း အိမ်ခြံ
မြေဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည်။
mizzima

မှတ်ချက်များ