စင်ကာပူဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ အားကစားနည်း၂၄မျိုးဝင်ပြိုင်ရန် လျာထား

လာမည့် ဇွန်လအတွင်းတွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် (၂၈) ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအားကစား နည်း ၂၄မျိုးခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းသိရသည်။
စင်ကာပူဆီးဂိမ်းတွင် အားကစား နည်းစုစုပေါင်း ၃၃မျိုး ထည့်သွင်းကျင်း ပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၂၄မျိုး ပါဝင် ယှဉ်ပြိုင်ရန်လျာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရေကူး၊ ပြေးခုန်ပစ်၊ သေ နတ်ပစ်၊ ရွက်လှေ၊ လက်ဝှေ့၊ စားပွဲတင် တင်းနစ်၊ လှေလှော်၊ ကျွမ်း ဘား၊ မြား ပစ်၊ ဘတ်စကက်ဘော၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ဂျူဒို၊ တိုက် ကွမ်ဒို၊ ဝူရှူး၊ အလေးမ၊ ဘောလုံး၊ ဂေါက်သီး၊ နြအဘေူ၊ ွဆကေ့်၊ ပီတန်း၊ ခြင်းလုံး၊ ဓားခုတ်၊ ဘိုးလင်း စသည့် အားက စားနည်း ၂၄မျိုး ဝင်ရောက် ယှဉ်ပြိုင်ရန်လျာထားကြောင်း အား ကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောကြားသည်။ ''အိမ်ရှင်လုပ် တဲ့ပြိုင်ပွဲမှာတော့ နိုင်ငံအလိုက်ရပ် တည်မှုမှာ ရွှေတံဆိပ် ၈၆ခုနဲ့ အဆင့်-၂နေရာမှာ ရပ်တည်နိုင်ခဲ့တယ်။

လာ မယ့် (၂၈)ကြိမ်မြောက် ပြိုင်ပွဲမှာလည်း ပြီးခဲ့တဲ့နှစ်ကအောင်မြင်မှုကို ထိန်းသိမ်း နိုင်ဖို့ ကြိုးစားသွားမှာ ပါ။ အိမ်ရှင်လုပ် ခဲ့တုန်းက အဆင့်ရပ်တည်မှုလောက် ရဖို့ မသေချာပေမယ့် ကြိုးကြိုးစားစား နဲ့ နိုင်ငံ့ဂုဏ် သိက္ခာကို ထိန်းသိမ်းနိုင်ဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင် သွားမှာပါ''ဟု နိုဝင်ဘာ ၂၈ရက်က ပြုလုပ်ခဲ့ သည့် အားကစားနည်းအလိုက် အောင်မြင်နိုင်ရေး ညှိနှိုင်းအစည်းအ ဝေးတွင် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းထိုက်ကပြော ကြားသည်။

ယင်း ညှိနှိုင်းအစည်းအဝေးတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ ချုပ်များမှ တာဝန်ရှိသူများက စင်ကာ ပူဆီးဂိမ်းအတွက် ပြင်ဆင်ဆောင်ရွက် ရန် အခြေအနေများနှင့်ပတ်သက်၍ အားကစားဝန်ကြီးဌာနမှ တာ ဝန်ရှိသူ များထံ ဆွေးနွေးတင်ပြခဲ့သည်။

ယှဉ်ပြိုင်ရန် လျာထားသည့်အား ကစားနည်း ၂၄မျိုးတွင် ကျွမ်းဘား၊ ဘိုး လင်း၊ နြအဘေူ၊ ွဆကေ့်၊ ဓားခုတ် စ သည့် အားကစားနည်းငါးမျိုးမှာ အိမ် ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့်ပြိုင်ပွဲ တွင်ထည့်သွင်းခဲ့ခြင်းမရှိ သည့် အား ကစားနည်းများဖြစ်သည်။ အိမ်ရှင်အ ဖြစ်ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအ ဖွဲ့အနေဖြင့် လှေ လှော်အားကစားနည်းမှ ရွေတံဆိပ် အများဆုံးရရှိခဲ့ပြီး ရွှေ ၈၆ခု၊ ငွေ ၆၂ခု၊ ကြေး ၈၅ခုရ ရှိကာ ရွှေတံဆိပ် ၁ဝ၇ခု ဖြင့် ပထမနေရာရရှိခဲ့သည့် ထိုင်းနိုင်ငံ အောက်တွင်ရပ်တည်နိုင်ခဲ့သည်။မြန်မာ အားကစားအဖွဲ့များအ နေဖြင့် စင်ကာပူဆီးဂိမ်းအတွက် စင် ကာပူနိုင်ငံတွင်လည်း လေ့ကျင့်မှုများ သွားရောက်ပြုလုပ်ရန် စီစဉ်ထားသည်။

စင်ကာပူနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လာမည့် ၂ဝ၁၅ ခုနှစ် ဇွန် ၅ရက်မှ ၁၆ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး အားကစားနည်း ၃၆ မျိုးတွင် နိုင်ငံ ၁၁နိုင်ငံမှ ကစားသမား ပေါင်း ၇ဝဝဝခန့် ဝင်ပြိုင်ရန်ရှိကြောင်း သိရသည်။

Yangon Media Group

မှတ်ချက်များ