ဂုဏ်သိက္ခာထိပါးတဲ့အထိ ဝေဖန်မှုတွေကို လက်မခံဘူးဆိုတဲ့အမွန်း




မိုင်လေဆိုင်းရပ်စ်၏ ဒီဇိုင်နာကိုယ်တိုင် ဖန်တီးပေးခဲ့သည့် ပေါင်ရင်းထိဖော်ထားသော ဝတ်စုံကို ဝတ်ဆင်
ဖျော်ဖြေခဲ့သည့် ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဂုဏ်သိက္ခာထိခိုက်သည်အထိ ဝေဖန်မှုများကို လက်မ ခံနိုင်ကြောင်း အမွန်းက တုံ့ပြန်ပြောကြားသည်။

ရန်ကုန်မြို့ရှိ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ဒီဇင်ဘာ၂၀ရက်က ပြုလုပ်ခဲ့သော Grand Royal ရှိုးပွဲ၌ ဖျော်
ဖြေခဲ့သည့် တေးသံရှင် အမွန်း၏ ပေါင်ရင်းအထိ ဖော်ထားသည့်ဝတ်စုံဝတ်ဆင်ခဲ့မှုကို လူမှုကွန်ရက်များတွင် ပရိသတ်များက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိကြသည်။

‘‘ဒီအဝတ်အစားနဲ့ ဘုရားတွေ ဘာတွေ သွားတာလည်း မဟုတ်ဘူး။ အဲဒီလိုဆိုရင်တော့ ညီမကို ကြိုက်သ လိုပြော လို့ရတယ်။ ဒီလို rock ပွဲမှာ performance အရ ညီမ ဝတ်စားတာကို ဂုဏ်သိက္ခာထိပါးလာအောင် ထိတော့ ကြိုက်သလိုပြောလို့ရတယ်။ ဒါပေမဲ့ ညီမအနေနဲ့ အဲဒီလိုပြောတာတွေလက်မခံဘူး’’ဟု တေးသံရှင် အမွန်းကဆိုသည်။

၎င်းဝတ်ဆင်ခဲ့သည့်အင်္ကျီ မှာ နိုင်ငံတကာအဆိုကျော်များဖြစ်သည့် မိုင်လေဆိုင်းရပ်စ်နှင့် ကေတီပယ်ရီတို့ ၏ ဒီဇိုင်နာ Marco က တေးသီချင်းနှင့်လိုက်ဖက်သော အဝတ်အစားကို ၎င်းကိုယ်တိုင်းဖြင့် ချုပ်ပေးသည့် အတွက်ကြောင့် မိုင်လေဆိုင်းရပ်စ်အင်္ကျီနှင့် ဒီဇိုင်းတူညီနေခြင်း ဖြစ်ကြောင်း အမွန်းကပြောသည်။

‘‘ဒီအက်ႌကို ဒီပြဲမွာမွ ပထမဆံုးဝတ္တာမဟုတ္ပါဘူး။ ညီမရဲ့ Cheap Sunglasses သီချင်းထဲမှာလည်း ဝတ် ထားပါတယ်။ အဲဒီ သီချင်းကိုကြည့်ဖူးတဲ့လူတိုင်း သိမှာပါ’’ဟုလည်းပြောသည်။

ယင်းဖျော်ဖြေပွဲတွင် စုစုပေါင်းတေးသီချင်းလေးပုဒ် ဖျော်ဖြေမည်ဟုပြင်ဆင်ထားခဲ့ပြီး သုံးပုဒ်သာဖျော်ဖြေခဲ့ ရပြီး ပထမ ဆုံးသီချင်းဖျော်ဖြေမှုအပြီးတွင် အဝတ်အစားပြန်လဲခဲ့ရကြောင်း တေးသံရှင်အမွန်းကဆိုသည်။

တေးသံရှင်အမွန်းသည် ၎င်း ဝတ်ဆင်ခဲ့သည့်အပေါ် မြန်မာ နိုင်ငံမှ တစ်ဦးတစ်ယောက်ဟု နိုင်ငံနှင့်ချီ ကာ သေးမွှားသည့်ကိစ္စများကို မချဲ့စေချင်ကြောင်းနှင့် နိုင်ငံတကာမှ ပြန်လာသည့်အတွက် ယင်းကဲ့သို့ဝတ် စားထားခြင်းမဟုတ်ဘဲ တေးသီချင်းနှင့် လိုက်ဖက်မည့်ဖျော်ဖြေမှုအရသာ ဝတ်ဆင်ထားခြင်းဖြစ်ကြောင်း
ပြော သည်။

ဝတ်စုံကြောင့် ပြင်းပြင်းထန် ထန်ဝေဖန်ခံရသည့် အမွန်းက နောက်တစ်ရက်မှာပင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ
မျက်နှာ ၌ ‘‘လွတ်လပ်ခွင့်ကိုအလေးထားပါ၊ လူတစ်ဦးချင်းစီရဲ့ ခြားနားချက်ကို လက်ခံပါ’’ဟုရေးသားခဲ့ သည်။ ၎င်းအနေဖြင့်လည်း ‘‘အားလုံးရဲ့ ထင်မြင်ချက်များကို လေးစားနားလည်ပေမယ့် ကျွန်မရဲ့ထင်မြင် ချက်တွေ၊ ကျွန်မပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုတော့ လေးစားနားလည်ပေးမခံရပါဘူး’’ဟု ရေးသားခဲ့ သည်။

အမွန်းသည် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ပထမဆုံးထိုး ဖောက်နိုင်သည့် Me N Ma Gilrs ၏ အဖွဲ့ဝင်တစ် ဦး လည်းဖြစ်ပြီး မကြာသေးမီကလည်း တစ်ကိုယ်တော်အခွေ ‘မင်းပေးတဲ့အချစ်’ ထွက်ရှိထားသူဖြစ်သည်။ အမွန်း၏ အင်္ဂလိပ်ဘာသာဖြင့် သီဆိုထားသည့် ‘Myanmar’မှာလည်း လူသိများသော သီချင်းတစ်ပုဒ် ဖြစ် သည်။

ဟန်သူ | 7day

မှတ်ချက်များ