![]() |
| မဲရုံတစ်ရုံတွင် မဲများ ရေတွက်နေစဉ် (ဓာတ်ပုံ − နစ်ကီ) |
ကော်မတီအဆင့်တွင် ခရိုင် လေးခရိုင်မှ ကိုယ်စားလှယ် လောင်း ၃၈ဦး ၀င်ရောက်ယှဉ်ပြိုင် ရာ စုစုပေါင်းငါးဦး ထွက်ပေါ်လာ ခဲ့ခြင်းလည်းဖြစ်သည်။
၎င်းတို့မှာ အနောက်ပိုင်း ခရိုင်တွင် ဦးခင်လှိုင်(ဇောတိက)၊ တောင်ပိုင်းခရိုင်တွင်ဒေါက်တာ အေးမင်း၊ အရှေ့ပိုင်းခရိုင်တွင် ဆာကူရာဦးဌေးအောင်တို့သည် သေချာသလောက် ဖြစ်နေပြီး မြောက်ပိုင်းခရိုင်တွင် ဦးခင်မောင် တင့်နှင့်နော်လှလှစိုးတို့မှာမဲရလဒ် သိပ်မကွာဘဲအကြိတ်အနယ်ဖြစ် နေသည်။ ဒီဇင်ဘာ ၂၇ရက်ညတွင် လက်ကျန်မဲများရေတွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
လက်ရှိအနောက်ပိုင်းခရိုင် တွင် ဦးဆောင်နေသောဦးခင်လှိုင် (ဇောတိက)သည် ဇောတိကသ င်္ကန်းတိုက် ပိုင်ရှင်ဖြစ်ပြီး မြန်မာ ဘစ်ရှော့ဈေးဝယ်စင်တာ၊ အသိ ဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင် များအသင်းဒုဥက္ကဋ္ဌ၊ အထည်ချုပ် လုပ်ငန်းရှင်များအသင်းအလုပ်အ မှုဆောင်တစ်ဦးဖြစ်ပြီး ရွေး ကောက်ပွဲတွင် ငွေကြေးမြောက်
မြားစွာအသုံးပြု၍မဲဆွယ်စည်းရုံး ခဲ့သည့် ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ်သည်။
ဦးခင်လှိုင်သည် ည ၉ နာရီ ကျော်သည်အထိ စာရင်းများအရ မဲရုံပေါင်း ၁၂၃ ရုံရှိသည့်အနက် မဲရုံ ၇၀
ကျော် ရေတွက်ပြီးချိန်တွင် မဲဆန္ဒလက်မှတ်ပေါင်း ၃,၇၀၀ ကျော် ရရှိထားပြီး ဒုတိယနေရာ မှ ရဲကျော်စွာ
အောင်လှကို မဲလက်မှတ် ၁,၅၀၀ ကျော်အသာဖြင့် ဦး ဆောင်ထားခြင်းဖြစ်သည်။
တောင်ပိုင်းခရိုင်တွင် ဦး ဆောင်နေသည့် ဒေါက်တာအေး မင်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး လူသိနည်းသော် လည်း အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးမဲဆွယ်စည်းရုံးခဲ့သူ တစ်ဦးဖြစ် သည်။
အရှေ့ပိုင်းခရိုင်တွင် ဦး ဆောင်နေသည့် ဦးဌေးအောင်သည် ဆာကူရာဆေးရုံနှင့် ကား အရောင်းပြခန်း ပိုင်ရှင်ဖြစ်သကဲ့သို့ဟိုတယ်လုပ်ငန်းစု၊ ဆောက်လုပ် ရေးနှင့် အင်ဂျင်နီယာကုမ္ပဏီ များ လုပ်ကိုင်သည့်
ပြည်တွင်းထိပ်သီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ် သည်။
မြောက်ပိုင်းခရိုင်မှ ညဦးပိုင်း အထိ မဲရေတွက်ဆဲဖြစ်သည့် ဦး ခင်မောင်တင့်နှင့် ဒေါ်လှစိုးတို့တွင် ဦးခင်မောင် တင့်မှာ ဆောက်လုပ်ရေးသုံးကုန်ကြမ်းပစ္စည်းရောင်းချ သည့် လုပ်ငန်းရှင်ဖြစ်ပြီး နော် လှလှစိုးမှာ ကရင်အ မျိုးသမီးလှုပ် ရှားမှုကွန်ရက်အထွေထွေအတွင်း ရေးမှူး၊ အမျိုးသမီးများနှင့် ငြိမ်း ချမ်းရေးအဖွဲ့အစည်းများတွင် တက်ကြွလှုပ်ရှားမှုများ၌ ဦး ဆောင်ပါဝင်နေသူဖြစ်သည်။
ယခုစာရင်းသည် ကိုယ်စား လှယ်လောင်းများက မဲရုံအသီးသီး မှ ကောက်ယူထားသည့်စာရင်း များသာ
ဖြစ်ပြီး ဒီဇင်ဘာ ၂၉ရက်မှသာအနိုင်ရသည့်မဲစာရင်းများကို တရားဝင်ထုတ်ပြန်ပေးမည်ဟု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌဦးတင်အေးကပြောသည်။ကျန်ရှိသည့် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တွင် ၀င်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်းများပြားပြီး ရေတွက်ချိန် ပိုမိုကြာမြင့်နေသဖြင့် ဒီဇင်ဘာ ၂၇ရက် ည၉နာရီခွဲအထိ ကိုယ်စား လှယ်လောင်းများ ခန့်မှန်းချက် ထွက်ပေါ်လာခြင်းမရှိပေ။
မိုးညို ၊ မိုးမင်း ၊ ထက်အာကာ | 7day

မှတ်ချက်များ