လွယ်လွယ်နဲ့ အရသာရှိတဲ့ ငါးသံပရာပေါင်းစားရအောင်
ငါးသံပရာပေါင်း ချက်နည်းလေးပါ။ ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူး
ခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့် ရအောင်..
ပါဝင်သောပစ္စည်းများ
တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅မွှာ (အ၀ိုင်းပါးပါးလှီးပါ)
ဇီးချိုသီး – ၄လုံး
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် – ခွက်တ၀က် (၁၀၀မီလီလီတာ)
နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။
၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။
၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီး စိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော် သည်အထိ
ရောမွှေပေးပါ။
၎။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် ပေါင်းပေးပါ။ ၅။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…
Wutyee Food House

မှတ်ချက်များ