ခရစ္စတယ်ပဲလေ့စ်နည်းပြ ထုတ်ပယ်ခံရ

ခရစ္စတယ်ပဲလေ့စ်နည်း ပြအဖြစ် လေးလကြာ တာဝန်ယူပြီးနောက် အသင်းက နည်းပြနေးလ်ဝါနော့ကို ထုတ်ပယ်လိုက်သည်။ ၎င်းမှာ ယခုပရီးမီးယားလိဂ်ရာသီတွင် ပထမဆုံး ထုတ်ပယ်ခံရသော နည်းပြဖြစ်လာ သည်။ ဝါနော့(၆၆)နှစ်၏ ဒုတိယအကြိမ် ပဲလေ့စ်ကို တာဝန်ယူမှုမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂ ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး တန်းဆင်းဇုန်အတွင်း ဆင်းသက်မှုဖြင့် အဆုံးသတ်ခဲ့သည်။

တနင်္ဂနွေနေ့ ကျူပီအာနှင့်ပွဲတွင် ဝါနော့၏ လက်ထောက် ကိတ်သ်မီလန်က တာဝန်ယူသွားမည်ဟု အသင်း က ပြောသည်။ ဝါနော့သည် အင်္ဂလန်ဘောလုံးလောကတွင် ပွင့်လင်းစွာ စကားပြောတတ်သူတစ်ဦးဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီစတင်ရန် နှစ်ရက်အလို၌ နုတ်ထွက်သွားသော နည်းပြဟောင်းတိုနီပူးလစ် နေရာ တွင် ၂ နှစ်စာချုပ်ဖြင့် ဝင်ရောက်လာသူဖြစ်သည်။

ဝါနော့သည် ယခင်က ခရစ္စ တယ်ပဲလေ့စ်အသင်းအား ၂၀၀၇ နှင့် ၂၀၁၀ ကြား ကိုင်တွယ်ခဲ့ဖူးသည်။ပရီးမီး ယားလိဂ်တွင် ခရစ္စမတ်ပွဲကျပ်ကာလမတိုင်မီ နည်းပြတစ်ဦးနောက်ဆုံးအလုပ်ဖြုတ်ခံရသည့်နှစ်မှာ ၁၉၉၅- ၉၆ ရာသီကဖြစ်သည်။

7day

မှတ်ချက်များ