စေ့စပ်စိန်လက်စွပ်ကို လှူသည့် မုဆိုးမ


အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မြောက်ပိုင်း ဘူတာရုံမှာ ရှိတဲ့ ကယ်တင်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ အလှူခံပုံးထဲကို အမည်မဖော်လိုတဲ့ မုဆိုးမက စေ့စပ် စိန်လက်စွပ်ကို လှူဒါန်း လိုက်ပါတယ်။

ဒါအပြင် လက်စွပ်ကို ရောင်းနိုင်တဲ့အကြောင်း စာတိုလေးတကြောင်း ရေးသားခဲ့တဲ့ အတွက် အားလပ်ရက် မှာ လိုအပ်တဲ့ ကလေးတွေ အတွက် အရုပ်ကို ၀ယ်နိုင်တော့မှာ ဖြစ်ပါတယ်။

“ရာသီတိုင်း ကျမခင်ပွန်းက လှူဒါန်းတဲ့သူတဦး ဖြစ်ပါတယ်။ ခရစ္စမတ်အချိန်မှာ လိုအပ်တဲ့သူတွေကို ပေး လှူရလို့ သူပျော်နေတာကို အထူးအမှတ်ရပါတယ်။ ဒီရှေ့ဖြစ်နောင်ဟောင်း အောက်မေ့ဖွယ်ကို ဂုဏ်ပြု ချင်လို့ ဒီလက်စွပ်ကို လှူဒါန်းရတာ ဖြစ်ပါတယ်” လို့ စာတိုလေးက ရေးသားထားပါတယ်။

ဒီလက်စွပ်နဲ့ စာတိုလေးကို ညနေပိုင်း အလှူခံပုံးတွေကို လိုက်လံစုဆောင်းရာမှာ တွေ့ရှိခဲ့တဲ့အတွက် အံသြ မိတယ်လို့ ကိန်းဘရစ် ကယ်တင်ခြင်း ခရစ်ယာန် အသင်းတော်က ပြောပါတယ်။

ဒီလက်စွပ်ကို ၂၀၀၃ ခုနှစ်က ၀ယ်ယူထားတဲ့ ခန့်မှန်းချေ ဒေါ်လာ ၁၈၅၀ လောက် တန်ကြေးရှိတယ်ဆို တဲ့ ဖြတ်ပိုင်းလည်း ပါသလို ဒီအချိန်မှာ ဒီထက် ပိုတန်တယ်လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ