ယာဉ်မောင်းအိပ်ငိုက် တိမ်းမှောက်သဖြင့် သေဆုံး/ဒဏ်ရာရ


၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၅/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ စကားအင်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ က သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာနေ
မောင်လင်း(၃၆)နှစ်မောင်းနှင်လာသော 9G/xxxx စီအာဗွီခဲရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးအား ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာနေ မစပယ်(၃၆)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး တပ်ကုန်းမြို့နယ်၊ အနောက်ကျောင်းတိုက်နေ ဦးစန္ဒိမာ၊ သက်တော် (၅ဝ)နှစ်၊ ဝါတော်(၃ဝ)၊ ယာဉ်မောင်း မောင်လင်းနှင့် တစ်ရွာတည်းနေ ကိုဉာဏ်လင်းဦး(၃ဝ)နှစ်ပါ(၄)ဦး တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့်
မောင်လင်းအား စကားအင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၈/၃၃ရ ဖြင့် အမှုဖွင့်အရေးယူကြောင်း သတင်းရရှိသည်။

ယာဉ်မောင်းအိပ်ငိုက်၍ လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိသဖြင့် (၁)ဦးသေ၊ (၄)ဦးဒဏ်ရာရ

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီး
ထောင့်မြို့နယ်၊ ပုသိမ်-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅/၃-၄)ကြား၊ ညောင်ငူကျေးရွာ အနီး၌ ရန်ကုန်မှ ပုသိမ်ဘက်သို့ ပုသိမ်မြို့နယ်၊ ကုန်းကြီးကျေးရွာနေ ဦးပေါ(၄၆)နှစ်မောင်းနှင် လာသော YGN 5I/xxxx Light Truck အဖြူရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်
ဘေးရှိ မလေးရှားပိတောက်ပင်အား ဝင်ရောက်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပုသိမ်မြို့နယ်၊ ကုန်းကြီးကျေးရွာနေ ကိုနိုင်ဝင်း (၄၃)နှစ်တွင် ဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဦးပေါနှင့် တစ်ရွာတည်းနေ ဦးမျိုးဝင်း (၅၈)နှစ်ပါ(၃)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဦးပေါအား ကန်ကြီးထောင့်မြို့မရဲစခန်း ယာဉ်(ပ)၄၃/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူကြောင်း သတင်း ရရှိ သည်။

ရဲဇာနည်

မှတ်ချက်များ