အိမ်ယာမဲ့ မြန်မာ အမျိုးသမီးတဦး အမေရိကန်တွင် သေဆုံး
အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ် အော်လ်ဘာနီမြို့က ပြတိုက်မှာ ဒီဇင်ဘာ ၂ ရက်နေ့က သေဆုံးသွားနေတဲ့ အမျိုးသမီးဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ သတင်းတွေက ရေးပါတယ်။
သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ကလေးတယောက်မိခင် ထီးဂေဖော ဖြစ်ပြီး ယောက်ျားနဲ့ အတူ အရင်နှစ်က အမေရိကန်ကို လာရောက်အခြေချ နေထိုင်တာလို့ ဆိုပါတယ်။
နီးစပ်သူတချို့ရဲ့ အဆိုအရ သူဟာ ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းကနေ အမေရိကန်ကို သွားရောက် အခြေချနေထိုင်တာလို့ ပြောပါတယ်။
အရက်သောက်တတ်တဲ့ ဖောဟာ ယောက်ျားနဲ့ကွဲသွားပြီး ဧပြီမှာ တရားရုံးက ကလေးကို ယောက်ျားနဲ့ ပေး ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် အိမ်ယာမဲ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
သူရဲ့ နောက်ဆုံးရက်တွေမှာ ခြေထောက်တွေ နာနေတဲ့အတွက် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရတယ် လို့လည်း ဆိုပါတယ်။
DVB

မှတ်ချက်များ