ကနေဒါနိုင်ငံမှာ ဇူလိုင် ၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲမှာ အင်္ဂလန်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိ သရေကျခဲ့လို့ အချိန်ပို ဆက်ကစားရမှာ အင်္ဂလန်က ပင်နယ်တီဂိုးနဲ့ အနိုင်ရသွားတာပါ။ အဲဒီဂိုးကို ဖာရာ ၀ီလျံစ်က သွင်းယူပါတယ်။
ဒီဂိုးဟာ သူ့အတွက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယမြောက် သွင်းယူနိုင်တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့တာပါ။
အင်္ဂလန် အမျိုးသမီးအသင်းဟာ ဂျာမနီနဲ့ ဆုံတဲ့ ပွဲတိုင်းမှာ အစဉ်အလာအရ အသာစီးယူနိုင်ခြင်း မရှိပါဘူး။
အမျိုးသမီး ကမ္ဘာ့ဖလား တတိယနေရာလုပွဲမှာ အနိုင်ရလို့ အင်္ဂလန်အသင်းဟာ ၃၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂျာမနီကို အနိုင်ရတာ ဖြစ်ပါတယ်။
DVB





မှတ်ချက်များ